နားထောင်ပါ

နားထောင်ပါ

အောင်မြင်မှုကို လိုချင်ရင် နားထောင်တတ်အောင် အရင်လေ့ကျင့်ရပါမယ်။ အောင်မြင်နေတဲ့သူတွေ ပြောတာကို ဂရုတစိုက် နားထောင်ပါ။ ကိုယ့်ကို စိတ်ဓာတ်တက်ကြွစေနိုင်တဲ့၊ ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ အောင်မြင်မှုတွေကို အထောက်အကူပြုနိုင်တဲ့ ဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေကို တက်ပါ။ ဂရုတစိုက်နားထောင်ပါ။ ကိုယ့်လုပ်ရပ် မှားနေပါတယ်လို့ ရိုးရိုးသားသား ပြောလာရင် နားထောင်ပါ။ နားထောင်တတ်တဲ့ အကျင့်ကိုရဖို့ အချိန်ယူ လေ့ကျင့်ရပါတယ်။ လေ့ကျင့်လို့ ရလာပြီဆိုရင် အောင်မြင်မှုကို အထူးအကျိုးပြုပါလိမ့်မယ်။

စကားပြောကောင်းတဲ့လူဖြစ်ဖို့ ဥပဒေသတစ်ခုပဲ လိုက်နာပါ။ ဒီဥပဒေသက နားထောင်တာဖြစ်ပါတယ်။
Christopher Morley

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts