အစားအစာသန့်ရှင်းရေးဆိုင်ရာ ပြဿနာများ။

အစားအစာသန့်ရှင်းရေးဆိုင်ရာ ပြဿနာများ။

၁။ ယင်ကောင်နားခြင်းဖြင့် ညစ်ညမ်းပြီး အစားအစာထဲသို့ မစင်မှ ရောဂါပိုးများရောက်ရှိလာသည်ကို သတိမူအလေးထားသူ နည်းပါးခြင်း။
၂။ ယင်မနားအောင် အုပ်ဆောင်းအုပ်သူ နည်းပါးခြင်း။ စားသောက်ဆိုင်အချို့က ပိတ်ပါးဖြင့်သာ အုပ်ထားတတ်ကြခြင်း။ ထိုပိတ်ပါးကို စင်ကြယ်အောင် လျှော်ဖွပ်လေ့မရှိကြခြင်း။
၃။ အိုး၊ ခွက်၊ ပန်းကန်များကိုပါ ယင်မနားအောင်၊ သန့်ရှင်းစွာ ဆေးကြောပြီး ထားရှိသူ နည်းပါးခြင်း။
၄။ အိုးခွက်ပန်းကန်များ၊ ဟင်းသီးဟင်းရွက်များ၊ သားငါး၊ သစ်သီးများကို သန့်ရှင်းသောရေနှင့် ဆေးကြောသူ နည်းပါးခြင်း။
၅။ လက်တွင် မမြင်နိုင်သော ရောဂါပိုးမွှားများ ကပ်ညှိပါလာနိုင်သည်ကို မသိသဖြင့် လက်မဆေးဘဲ အစားအစာ ကိုင်တွယ်ချက်ပြုတ်ပြင်ဆင်ကြခြင်း။
စသည်တို့ဖြစ်သည်။

Related Posts