အခွန်သမိုင်းကြောင်း

အင်မတန်ရှေးကျတဲ့ အီဂျစ်ဘုရင့်နိုင်ငံရဲ့ ပထမဆုံးမင်းဆက် စိုးစံခဲ့တဲ့ ဘီစီ ၃၀၀၀နဲ့ ၂၈၀၀ကြားမှာ ပထမဆုံးအခွန်ငွေကြေးကိုကောက်ခံတာမဟုတ်ဘဲ လုပ်အားကိုနိုင်ငံအနေနဲ့ရယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရှေးဟောင်းအီဂျစ်စကား လုပ်အားဆိုတာ အခွန်လို့ပဲ အဓိပ္ပါယ်နီးနီးစပ်စပ်ထွက်ခဲ့ပါတယ်။ ဖာရိုဘုရင်ကြီး တိုင်းခန်းလှည့်တော်မူပြီဆိုရင် လူတွေ အခွန်အနေနဲ့ လုပ်အားတွေပေးဆပ်ကြရပြီပေါ့။ အင်မတန်စောတဲ့ အခွန်ကောက်ခံမှုပုံစံကို သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာလည်းရှိပါတယ်။ ပါရှားနိုင်ငံမှာတော့ ဘီစီ ၅၀၀မှာ အခွန်စနစ်ကို သတ်မှတ်ခဲ့တယ်လို့ မှတ်တမ်းတွေရှိပါတယ်။ ပါရှားစနစ်က အခွန်ကို ပြည်နယ်အုပ်ချုပ်ရေးအတိုင်း သတ်မှတ်တာဖြစ်တယ်။ ပြည်နယ်အလိုက် အခွန်ဘယ်လောက် ကောက်ခံရမယ် သတ်မှတ်ဆုံးဖြတ်ပြီး အဲ့ဒီသတ်မှတ်ဆုံးဖြတ်ချက်အတိုင်း ပါရှားအင်ပါယာရဲ့ ဘဏ္ဍာရေးဌာနကို ပို့ဆောင်ကြရတယ်။ ဥပမာ-ဘေဘီလုံဆိုရင် ပါရှားစစ်တပ်အတွက် ရိက္ခာလေးလစာနဲ့ ငွေတွေပို့ဆောင်ရတယ်။ ပြည်နယ်တွေရဲ့ ဧရိယာအကျယ်အဝန်း၊ ထုတ်လုပ်နိုင်စွမ်းတွေအပေါ်မူတည်ပြီး အခွန်ပမာဏ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ အစ္စလာမ် မဟုတ်သူတွေကို အုပ်စိုးသူ အစ္စလာမ်ဘုရင်တွေက သီးခြားအခွန်သတ်မှတ်ကောက်ခံမှုကို ၁၁ ရာစုကတည်းကလုပ်ခဲ့တဲ့ မှတ်တမ်းရှိတယ်။

ရှေ့နေ ဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှကောက်နုတ်ထားပါသည်။

စီးပွားရေး

Related Posts