အချိန်

အချိန် နှင့် အောင်မြင်မှု

တစ်ခါတုန်းက ပညာရှိအဘိုးအိုကြီးတစ်ဦ်းနှင့် သူ့တစ်ပည့်တွေဟာ ခရီးတစ်ခုထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းခရီးတစ်ခုကို ရောက်တဲ့အခါမှာတော့ ခဏအနားယူကြပါတယ်။
“သောက်ရေပေးပါဦး” ဟု အဘိုးအိုကြီးကတောင်းတော့ …
“မရှိတော့ဘူး”
“ဒါဆို လိုက်ရှာကွာ”
ဒါနဲ့ သူ့တစ်ပည့်တွေဟာ အနားမှာရှိတဲ့ ရေကန်အတွင်းမှာ ရေခပ်ဖို့ပြင်ဆင်ကြပါတယ်။ ဖြစ်ချင်တော့ ရေကန်ထဲမှာ သမင်၊ ဒရယ်စတဲ့ တောနေသတ္တဝါတွေ ဆော့ကစားနေတယ်။ ရေတွေက နောက်ကြည့်နေတာနဲ့ မခက်ဘဲ ပြန်လာခဲ့ကြပါတယ်။
နောက်ထပ်တစ်နာရီလောက်ကြာတဲ့ အခါမှာတော့ ရေပြန်ခပ်ခိုင်းပါတယ်။ ဒီတစ်ခါမှာတော့ ရေတွေက ကြည်လင်နေပါပြီ။ ရေတွေကို သောက်ပြီး …
“ရေတွေအားလုံး ကြည်သွားအောင် ဘယ်လို လုပ်လိုက်တာလဲကွ”
“အချိန်စောင့်လိုက်တာပါ။”
ဟုတ်ပါတယ်။
အောင်မြင်မှု ပန်းတိုင်ဆိုတာ အခုလုပ် အခုရတဲ့ အရာမဟုတ်ပေ၊ အဲ့ဒီအရာကို ရရှိစေဖို့ အချိန်စောင့်ရပါတယ်။ အချိန် တန်မှ ရတက်ပါတယ်။ ဒါပေမဲ့ ဒီအတိုင်းထိုင်စောင့်ရတာ မဟုတ်ပါဘူး။ ကြိုးစားဆောင်ရွက်ပြီး စောင့်ရတာပါ။

မင်းရဲ့ အချိန် က
အကန့်အသတ်နဲ့ ရှိတာ
ဒါ့ကြောင့် အဲ့ဒါကို
တစ်ခြားသူတစ်ယောက်ရဲ့ ဘဝထဲမှာ
သွားရှင်သန်ပြီး
ဖြုန်းမပစ်ပါနဲ့။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts