အကျဉ်းသားများ

အမေ့ခံ အကျဉ်းသားများ (၃)

ဗီယက်နမ်စစ်ပြန်များက စစ်အတွင်း အသတ်ခံရသည့် သူတို့ရဲဘော်ရဲဘက် စာရင်း နှင့် အကျဉ်းသားများ အဖြစ် ကျန်ရစ်ခဲ့ သည့်စာရင်းကို တရားဝင် ထုတ်ပြန်ပေးရန် တောင်းဆိုခဲ့သော်လည်း ခိုင်လုံစွာ ထုတ်ပြန်ပေးနိူင်ခဲ့ခြင်း မရှိပေ။ အမေရိကန် အမျိုးသား လုံခြုံရေးအဖွဲ့တွင်ပင် တာဝန်ခံ ဆောင်ရွက်ပေးမည့် အရာရှိကို ခန့်အပ်ထားခြင်း မရှိသည်ကလည်းထူးခြားချက်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် အလျှို့ဝှက်ဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် အမျိုးသား လုံခြုံရေးအဖွဲ့သည် ဗီယက်နမ်တို့၏စစ်ရေး ဆက်သွယ်မှု များကိုသာ ခိုးနားထောင်သည့် အဖွဲ့ကြီးတစ်ခုအနေဖြင့်ရပ်တည်နေသည်မှာ အံ့ဩဖွယ်ရာဖြစ်သည်။

အမေရိကန်လေတပ်သည် ကွန်ပြူနစ်တို့ သိမ်းပိုက်ထားသည့် နယ်မြေ များကို လေကြောင်းမှ တိုက်ခိုက်သိမ်းပိုက်ပြီးသည်နှင့် တပြိုင်နက် ထိုနယ်မြေကို ခွဲခြားထားလိုက်သည်။ ဗီယက်နမ်တွင် လေယာဉ်မောင်းတို့သည် များသောအားဖြင့် ဟနွိုင်းမြို့ဝန်းကျင်မှ ကျွမ်းကျင်သူများကို ခန့်အပ်ထားခြင်းဖြစ်သည်။ သူတို့သည် လေယာဉ်မောင်းကျွမ်းကျင်ကျပြီး အီလက်ထရောနစ်ပိုင်းတွင်လည်း ကျွမ်းကျင်သည့် အရာရှိများဖြစ်ကြသည်။ ဗီယက်နမ်စစ်ပွဲတွင် အသုံးပြုသည့် လေယာဉ်များမှာ အသစ်စက်စက် တိုက်လေယာဉ်များဖြစ်ကြသည်။ အထူးကျွမ်းကျင်သူများသာလျှင် ကိုင်တွယ်မောင်းနှင်နိုင်ကြသည်။ ဗီယက်နမ်တွေက ကျွမ်းကျင်လာသည်နှင့် ထိုလေယာဉ်များကို ဆိုဗီယက်နိုင်ငံသို့ မောင်းပြေးကြသည်။

ဗီယက်နမ်စစ်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရသူများကို ဆေးကုသမှုခံယူရန် တရုတ်ပြည် ရှန်ဟိုင်းသို့ ပို့သည်။ နည်းဗူဟာအရ အရေးကြီးသည့် တိုက်ပွဲများကို ဆင်နွဲရန် ရှိသည့်အခါ ချွေးတပ်သားများကို အသုံးပြုကြသည်။ တောင် နှင့် မြောက် ဗီယက်နမ် တို့သည် အမေရိကန်တို့ ရုပ်သိမ်း သွားသည့်တိုင်အောင် ဆက်လက် တိုက်ပွဲဆင်နွဲနေကြသသသည်။ အသုံးပြုခြင်းခံထားရသည့် ချွေးတပ်သားများပြန်လည် လွှဲပြောင်းပေးအပ်ခြင်း မခံရတော့ပေ။

ဗီယက်နမ်စစ်ပွဲကာလ တစ်လျှောက်လုံးတွင် မြောက်ဗီယက်နမ်မှ ကွန်မြူနစ် တို့သည် စစ်အကျဉ်းသားများအား တန်ဖိုးရှိသော သူများအဖြစ် သဘောထားကြသည်။ လက်ကမ်း စာစောင်များတွင် အမေရိကန် လေသူရဲကောင်းများကို ဖမ်းဆီးရနိပါက စက်ရုံများ၊ ဆေးရုံးများ၊ ကျောင်းများနှင့် ငွေများ ရအောင် ပြန်လည်ဖန်တီးနိုင်သည် ဟူ၍ဝါဒဖြန့် ရေးသားချက်များကို တွေ့ရသည်။

ကမ္ဘာကျော်နိုင်ငံရေး အရှုပ်တော်ပုံများ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts