ငါးပေါင်းဂျင်စင်း
ပါဝင်သောပစ္စည်းများ
- ငါးကြင်း(သို့)အသားများငါး – သုံးဆယ်ကျပ်သား
- ဂျင်စင်းမြစ် – သုံးမြစ်
- နှမ်းဆီ – နှစ်ဇွန်း
- ဆား – အနည်းငယ်
- သကြား – အနည်းငယ်
- ပဲငံပြာရည်အကြည် – နှစ်ဇွန်း
- ကိုးရီးယားမုန်ညှင်း – ငါးပင်
- ငရုတ်ကောင်း – အနည်းငယ်
- နှမ်း – နှစ်ဇွန်း
ပြုလုပ်နည်းအဆင့်ဆင့်
*ငါးများကိုအရိုးထုတ်ပြီး အသားလွှာပါ။ ဆား၊ သကြား၊ ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့်နယ်ထားပါ။ ဂျင်စင်းမြစ်ကိုရေဆေးပြီး အချောင်းကလေးများပိုင်းပါ။ ပေါင်းအိုးထဲတွင် ဝါးခြမ်းပြားများခံလိုက်ပါ။ အပေါ်ကငါးများနှင့် ဂျင်စင်းတစ်ကပ်စီထည့်ပါ။ အပေါ်မှ နှမ်းဆီအနည်းငယ် ထည့်၍ပေါင်းပါ။ မိနစ်(၃၀)ခန့် ရေနွေးနှင့်ပေါင်းပေးပါ။
*ပေါင်းပြီးကျက်လျှင် ကိုရီးယားမုန်ညှင်းကို ရေနွေးဖျောပြီးအုပ်ပါ။ အပေါ်မှနှမ်းလေးဖြူးပြီးသူံးဆောင်ပါ။ ဆလပ်ရွက်ကလေးဖြင့်ထုတ်ကာလည်းသုံးဆောင်နိုင်ပါသည်။ အချို့ကိုးရီးယားများသည် စိတ်ကြည်လင်ထက်မြက်စေရန် ငါးပေါင်း၊ ဂျင်စင်းကို တစ်ပတ်လျှင်နှစ်ကြိမ်ခန့် စားသုံးလေ့ရှိကြသည်။
မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။