ဟင်နရီ ဖိုဒ့်

ငယ်ရွယ်တဲ့ ဟင်နရီ ဖိုဒ့် ဟာ ပထမဆုံး ကားအများအပြားထုတ်လုပ်ဖို့ ကြိုးစားခဲ့ရာမှာ ရှုံးနိမ့်မှုပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဖိုဒ့်ရဲ့ထင်ရှားတဲ့မော်ဒယ်ဖြစ်တဲ့ T မော်ဒယ် ကိုရဖို့ ငါးနှစ်လောက်အချိန်ယူပြီးအရှုံးတွေကို ကြံကြံခံခဲ့ရပါတယ်။ဒါပေမယ့် ဇွဲနဲ့ သည်းခံနိုင်စွမ်းဟာ အကျိုးပေးမြန်ပါတယ်။ မော်ဒယ် T ဟာ ကမ္ဘာ့အကောင်းဆုံး ကားမော်ဒယ်ဖြစ်ခဲ့ပြီး ကမ္ဘာ့မော်တော်ကားလောကကို တစ်ခေတ်ဆန်းစေခဲ့ပါတယ်။

“သင့်ကို အရာရာတိုင်းကဆန့်ကျင်နေပြီလို့ထင်တဲ့အခါလေယာဉ်ပျံက လေကိုဆန့်ကျင်ပြီးပျံတက်ရတယ်၊လေနှင့်အတူ ပျံတက်တာမဟုတ်ဘူးဆိုတာသတိရပါ။”

– ဟင်နရီ ဖိုဒ့်

အောင်စည်သာ မြန်မာပြန် ၏ လုံးဝ လက်မလျှော့လိုက်ပါနဲ့ စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts