လမ်းဘယ်လိုလျှောက်ရမလဲဆိုတာ

ကိုယ်အလေးချိန် ကျဆင်းစေရန် လမ်းလျှောက်သူတို့ ပြုလုပ်တတ်သော အမူအကျင့်ဆိုး ၃ ခု

ကိုယ်အလေးချိန် ကျဆင်းစေရန် လမ်းလျှောက်သူတို့ ပြုလုပ်တတ်သော အမူအကျင့်ဆိုး ၃ ခု

ကျွန်မတို့တစ်တွေဟာ တစ်နှစ်အရွယ်ကလေးဘဝကတည်းက စပြီး လမ်းဘယ်လိုလျှောက်ရမလဲဆိုတာ နားလည်တတ်ကျွမ်းကြပါတယ်။ နေ့စဉ်လှုပ်ရှားမှုတွေအတွက် ခြေထောက်နှစ်ဖက်ကို အသုံးပြုပြီး လမ်းလျှောက်ရမှာကို သိရှိနားလည်နေတယ်ဆိုပေမယ့် ကျန်းမာကြံ့ခိုင်ဖို့ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတော့ လမ်းလျှောက်တဲ့နည်းလမ်းတွေဟာ မှားယွင်းနေတတ်ကြပါတယ်။ အောက်ပါတို့ဟာ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်သူတွေရဲ့ မှားတတ်တဲ့အမှားတွေ ဖြစ်ပါတယ်။

၁။ လက်ကိုအသုံးမပြုဘဲ လမ်းလျှောက်ခြင်း
လမ်းလျှောက်တာက ခြေထောက်ကိုသာ အသုံးပြုပြီး လျှောက်ရမယ်လို့ ထင်နေရင်တော့ သင် မှားယွင်းနေပါပြီ။ အမှန်မှာတော့ လမ်းလျှောက်တာက ခန္ဓာကိုယ်တခုလုံးကို အသုံးပြုရတာဖြစ်ပြီး သူ့ကြောင့် ခြေထောက်သန်မာတာ၊ ခါးနောက်ကျောရိုးနဲ့ ခန္ဓာကိုယ်တောင့်တင်းမှုရှိတာအပြင် လက်မောင်းတွေပါ သန်မာလာနိုင်ပါတယ်။ သင်လမ်းလျှောက်တဲ့အခါမှာ သင့်လက်မောင်းတွေကိုပါ ပါဝင်အောင် အသုံးပြုပါ။ လက်ကို ဘေးချထားကာ အနည်းငယ်လက်လွှဲပြီး လျှောက်ရမှာ မဟုတ်ပါဘူး။ တံတောင်ဆစ်နေရာမှာ ၉၀ ဒီဂရီလောက်ကွေးပြီး ပခုံးကြွက်သားတွေကို ဖြေလျှော့ကာ လမ်းလျှောက်ရမှာ ဖြစ်ပါတယ်။ ခြေထောက်ရွေ့ရာဘက်ရဲ့ ဆန့်ကျင်ဘက်ပုံစံ လက်လွဲရပါမယ်။ ဥပမာအားဖြင့် ဘယ်ဘက်ခြေက အရှေ့ကိုရွှေ့ရင် ဘယ်ဘက်လက်က အနောက်ကိုရောက်နေရပါမယ်။ သင် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်အပြီး သင့်ခြေဖဝါးတွေ ရောင်ရမ်းနေတဲ့ လက္ခဏာတွေရှိခဲ့ရင်တော့ သင်လမ်းလျှောက်တဲ့နည်းလမ်း မမှန်ကန်တာကြောင့်ပါ။ လမ်းလျှောက်တဲ့ပုံစံ ပြောင်းလဲသင့်နေပါပြီ။

၂။ ခြေလှမ်းကျယ်ကျယ် လျှောက်ခြင်း
သင်ဟာ လမ်းလျှောက်တဲ့နှုန်း မြန်ချင်လို့ ခြေလှမ်းကျယ်ကျယ်လှမ်းတာက သင့်ရဲ့ လမ်းလျှောက်တဲ့ပုံစံဟာ ခြေကားယားဖြစ်နေတတ်ပါတယ်။ ခြေလှမ်းကျယ်ကျယ် လျှောက်မယ့်အစား ပုံမှန်ခြေလှမ်းကို ခပ်သွက်သွက်လေး ခပ်စိပ်စိပ်နှုန်းနဲ့ လျှောက်သင့်ပါတယ်။

၃။ မြေကြီးပေါ် ရှပ်တိုက်ပြီး လမ်းလျှောက်ခြင်း
လမ်းလျှောက်တဲ့အခါမှာ ခြေဖျားက မြေကြီးပေါ် အရင်ကျရမယ့်အစား ခြေဖဝါးအပြားလိုက် မြေကြီးပေါ်ကျတဲ့အခါမှာ ရှပ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ဖို့ မသင့်တော်တဲ့ဖိနပ်ကိုစီးတာ၊ ညို့သကျည်းအားနည်းတာတွေကြောင့် ဒီလိုဖြစ်တတ်ပါတယ်။ Walking Shoes လိုမျိုး ဖနောင်နေရာမှာ ကူရှင်အနည်းငယ်ပါတဲ့ ဖိနပ်မျိုးစီးပြီး လမ်းလျှောက်သင့်ပါတယ်။

  • Tips!
  • လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားမျိုး (ဥပမာ-လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်နိုင်တဲ့) ကို ဝတ်ပါ။
  • မိမိကို သက်သောင့်သက်သာဖြစ်စေတဲ့ ဖိနပ်မျိုး စီးပါ။ အလွန်ပါးလွန်းတဲ့ ဖိနပ်စီးတာက သင့်ရဲ့ ခန္ဓာကိုယ်အနေအထားကို မှားယွင်းနိုင်ပြီး ခါးနာတတ်ပါတယ်။

ဒေါက်တာ ခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေး ရှောင်ရန် အမူအကျင့်များ(DON’Ts FOR YOUR HEALTH) စာအုပ်မှ ကူးယူ ဖော်ပြသည်။

Related Posts