သွေးတွင်း

သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်သည့် သင်အမှတ်မထင် ပြုလုပ်မိနေသောအရာများ

“ဆီးချိုရောဂါဟာ အလွန်ထိန်းချုပ်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် သင့်ရဲ့ သွေးတွင်း သကြားဓာတ်တွေကို တည်ငြိမ်မှုရှိအောင် ထိန်းချုပ်တဲ့ အခါမှာပါ။ ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက် သွေးတွင်း သကြားဓာတ်က အလွန်အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ သင့်ရဲ့ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တဲ့ နေ့စဉ် သင်အမှတ်မထင်ပြုလုပ်မိနေတဲ့ အံဩဖွယ်ရာအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။”

အဆီများသောအစားအစာ စားသုံးခြင်း

ဆီးချိုသမားတစ်ယောက်အနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်မတက်အောင် ကာဗိုဟိုက်ဒရိတ်နဲ့ အချိုစာတွေကိုပဲ သတိထားပြီးစားလေ့ရှိသလို အဆီစာစားသုံးတာတွေကိုလည်း လျှော့ချသင့်ပါတယ်။ အဆီက
ခန္ဓာကိုယ်အတွင်း အစာခြေနှုန်းကို ပြောင်းလဲစေတဲ့အတွက် အစာစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်တွေ
မြင့်တက်လာနိုင်ပါတယ်။ ဒါ့အပြင် အဆီက အင်ဆူလင်ကို Resistance ရရှိစေနိုင်ပါတယ်။

ဖျားနာခြင်း

သင်ဟာ ရောဂါပိုးကူးစက်ခံရရင် ရောဂါပိုးကို သုတ်သင်ဖို့အတွက် အသုံးပြုရတဲ့ ပစ္စည်းတွေက သွေးတွင်းသကြား
ဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ အဖျားအမြန်ပျောက်ကင်းပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မရရှိနိုင်ဖို့အတွက်
ဖျားနေစဉ်မှာ လုံလုံလောက်လောက် အနားယူဖို့လိုအပ်ပါတယ်။

ဆေးဝါးအသုံးပြုခြင်း

ပန်းနာရင်ကျပ်ပျောက်ဆေး၊ စိတ်ဓာတ်ကျပျောက်ဆေး၊ ပဋိဇိဝဆေးဝါးနဲ့ စတီးရွိုက်ဆေးဝါးတွေအပါအဝင် ဆေးဝါးအများစုက သွေးတွင်းသကြားဓာတ်ကို မြင့်တက်တာနဲ့ ဆက်စပ်မှုရှိပါတယ်။

ဆေးသကြား

အချိုရည်မှာ ပါဝင်တဲ့ ဆေးသကြားတွေက ဆီးချိုဝေဒနာရှင်တွေအတွက် သကြားလိုမျိုးပဲ ဆိုးရွားနိုင်ပါတယ်။

အိပ်ရေမဝခြင်း

အိပ်ရေးမဝတာကြောင့် တခြားကျန်းမာရေးပြဿနာတွေဖြစ်တဲ့အပြင် သွေးတွင်းသကြားအဆင့်ကိုလည်း ကမောက်ကမဖြစ်စေနိုင်ပါတယ်။ လုံလောက်တဲ့အိပ်ချိန်မရတာက သွေးတွင်းသကြားဓာတ်ကို အပြင်းအထန်
ပြောင်းလဲနိုင်ပါတယ်။

ညစာကို အလွန်အကျွံစားသုံးခြင်း

တချို့လူတွေက ညစာကို အဓိကအစာအဖြစ် စားသုံးတက်ကြပါတယ်။ ခန္ဓာကိုယ်မှ ဂလူးကိုစ့်ဖြစ်စဉ်က မနက်ပိုင်းမှာ ညပိုင်းထက်ပိုမိုပြီးလွယ်ကူပါတယ်။ ဒါကြောင့်မနက်စာကိုသာ အဓိကအစားအစာအဖြစ် စားသုံးပါ။

စိတ်ဖိစီးမှုများခြင်း

သင်ဟာ စိတ်ဖိစီးမှုများတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီစောတွေ ထွက်လာပါတယ်။ ကော်တီစောတွေက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်တုံပြန်မှုပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။

သွားနှင့်ခံတွင်း မသန့်ရှင်းခြင်း

သွားနဲ့ခံတွင်းကို သန့်သန့်ရှင်းရှင်းမထားတာကြောင့် သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာနိုင်ပါတယ်။

အထိုင်များသည့် ဘဝနေထထိုင်မှု

ကာယလေ့ကျင့်ခန်းပြုလုပ်တာက ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ အထိုင်များတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်နိုင်ပါတယ်။

ဓမ္မတာလာချိန်

ဓမ္မတာလာစဉ်အခါမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သွေးတွင်းသကြားဓာတ်တွေ မြင့်တက်နိုင်ပါတယ်။
ဓမ္မတာလာခါနီးမှာ ဟောမုန်းအပြောင်းလဲဆုံးဖြစ်တာမို့ သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို တိုင်းတာပြီး ထိန်းချုပ်သင့်ပါတယ်။

နံနက်စာမစားခြင်း

လေ့လာမှုတွေအရ မနက်စာမစားသုံးတာက တစ်နေ့တာက တစ်နေ့တာလုံးအတွက် သွေးတွင်းသကြားဓာတ်မြင့်တက်တာနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရပါတယ်။

Related Posts