အမှားများ

အမှားများ သည် ထူးကဲသော ဆရာများဖြစ်သည်။

(Errors are great teachers) ခြောက်ပြစ်ကင်းသော၊ ကြံ့ခိုင်သော၊ အလုံးစုံကိုသိသောပုံစံပေါက်ခြင်းသည် သင့်လုပ်ဖော်ကိုင်ဖက်များကို သင်သည်လည်း အမှားများ လုပ်ခဲ့ဖူးသည်၊ ယင်းတို့ကို ကျော်ဖြတ်ခဲ့ဖူးသည်ဆိုကြောင်း ပြနိုင်ခြင်းကဲ့သို့ အကျိုးပြုမည်မဟုတ်ပါ။ တကယ်တမ်းတွင် အကြံဉာဏ် လိုအပ်နေသည့်သူများထံမှ သင်၏ ဝဋ်ဆင်းရဲဒုက္ခခံစားခဲ့ရခြင်းများကို ထိန်ချန်ထားခြင်းသည် သင့်အနေဖြင့် အထက်စီးဆန်သည်ဟု ဆိုလိုနိုင်သည်။

သင် သူတို့ထက်သာလွန်သည်ဟု ခံစားရမည်ဖြစ်သော်လည်း တစ်ခဏတာသာဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ထိုသာလွန်သည့်အဆင့်နှင့် လျော်ညီစွာ မပြုမူနေခြင်းဖြစ်နေမည်။ သင်သည် တစ်ဦးဦးထံမှ သူလိုအပ်သည့် အချက်အလက်ကို လုယူထားသလိုဖြစ်နေမည်။ ထိုသူအနေဖြင့် ယင်းအတွေ့အကြုံမှ  သင်ယူရန်၊ တိုးတက်ပြောင်းလဲရန်၊ ထိုအမြာ်အမြင်ကို အလားတူပြဿနာ ကြုံတွေ့ရသည့် နောက်တစ်ဦးသို့ လက်ဆင့်ကမ်းရန် ရပို်ငခွင့်ကို သင်ပိတ်ပင်ရာကျသည်။

အဆိုးဆုံးအနေအထားမှာ ပင်လျှင် သင့်အနေဖြင့် ထိုသူတို့ကို သင်ကိုယ်တိုင်လည်း အမှားများလုပ်ခဲ့ဖူးကြောင်း အသိပေးပြောပြပြီး သူတို့ချည်းသာ မှားယွင်းခြင်းမဟုတ်ကြောင်း အားပေးခြင်းဖြင့် စိတ်သက်သာရာရစေနိုင်မည်။

မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts