ခေါင်းဆောင်တစ်ဦးအနေဖြင့် ၅၃၂၌ နီကာပုန်ကန်မှုကို နှိမ်နင်းရာတွင် သီယိုဒိုရာမှာ တာဝန်ရှိသူဖြစ်၏

သီယိုဒိုနာ (၄၉၇ခန့် – ၅၄၈)

ဘိုင်ဇင်တိုင်းအား ကြီးကြီးကျယ်ကျယ် အုပ်ချုပ်ခဲ့ကြသူများ၌ တစ်ဦးအပါအဝင်ဖြစ်သည်။ ဆပ်ကပ်တွင် ဝက်ဝံကို ထိန်းသိမ်းစောင့်ရှောက်ရသူတစ်ဦးမှ ဖွားမြင်သည်။ ပထမမြောက်
ဂျပ်စ်တီနီယမ်နှင့် လက်ထပ်ထိမ်းမြားခြင်း မပြုမီက သူသည် ပြဇာတ်မင်းသမီး တစ်ဦးဖြစ်ခဲ့၏။
ဂျပ်စ်တီနီယမ် ထီးနန်းဆက်ခံသောအခါ သီယိုဒိုရာလည်း ဧကရာဇ်၏ မိဘုရားခေါင်ကြီးအဖြစ်
တင်မြှောက်ခံခဲ့ရသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ၅၃၂၌ နီကာပုန်ကန်မှုကို နှိမ်နင်းရာတွင်
သီယိုဒိုရာမှာ တာဝန်ရှိသူဖြစ်၏။ ဆွေကြီးမျိုးကြီးတို့က သူကဲ့သို့သော အောက်ခြေလူတန်းစားမှ
အမျိုးသမီးများအား ထိမ်းမြားလပ်ထပ်ခွင့်ပြုရန်အတွက် ဥပဒေများအား ပြင်ဆင်ရန် ဧကရာဇ်အား ဖျောင်းဖျနိုင်ခဲ့သည်။

  • ၄၉၇ ခန့် – ဖွားမြင်သည်။
  • ၅၂၅ – ပထမမြောက် ဂျပ်စ်တီနီယမ်နှင့် ထိမ်းမြားလပ်ထပ်သည်။
  • ၅၂၇ – ဧကရာဇ်၏မိဖုရားခေါင်ကြီးဖြစ်လာသည်။
  • ၅၃၂ – နီကာပုန်ကန်မှုကို မည်သို့မည်ပုံ ကိုင်တွယ်သင့်ကြောင်း ခင်ပွန်းသည်အား အကြံ
  • ဉာဏ်ပေးသည်။
  • ၅၄၈ – ကီန်စတန်တီနိုပယ်(ယခု အစ္စတန်ဘူလ်၊ တူရကီ)၌ ကွယ်လွန်အနိစ္စရောက်သည်။

မိုးသိမ်းဘာသာပြန်ဆိုသော ခေါင်းဆောင် ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts