ငါးခူငါးဆုပ်ချက်

ငါးခူငါးဆုပ်ချက်

ငါးခူငါးဆုပ်ချက်

ပါဝင်သောပစ္စည်းများ

  • ငါးခူ – အကောင်ကြီးတစ်ကောင်
  • ကြက်သွန်နီ – လေးငါးလုံးခန့်
  • ကြက်သွန်ဖြူ – နှစ်ကျပ်ခွဲသား
  • ငရုတ်သီးပွ – ခြောက်တောင့်
  • ဆား၊ ငံပြာရည် – သင့်ရုံ
  • နနွင်း၊ ချင်း – သင့်ရုံ
  • ဆီ – ငါးကျပ်သား
  • ခရမ်းချဉ်သီး – လေးလုံး

ပြုလုပ်နည်းအဆင့်ဆင့်

  • ငါးကို အရိအချွဲများ ကုန်စင်အောင် ပြာနှင့်တိုက်၍ ဆေးပါ၊ ခေါင်းဖြတ်၍ အူများထုတ်ပါ၊ အလယ်ရိုးနားမှကပ်၍ အသားကို လွှာယူပါ။ ထို့နောက် ၎င်းအသားလွှာကို နုပ်နုပ်စဉ်းပါ။
  • ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ထောင်း၍ တစ်ဝက်ကို ချန်ထားပြီး ကျန်တစ်ဝက်ကို စဉ်းကောများနှင့်အတူ ရောထောင်းပါ။ ဆား၊ နနွင်းထည့်ထောင်းပါ။
  • ထောင်း၍ အသားများ စေးပိုင်လာလျှင် အဆုပ်ကလေးများဆုပ်ပါ။ ဆီပူတွင်ငါးဆုပ်များကို နီလာအောင် ကြော်ပြီး ဆယ်ထားပါ။
  • စောစောက ချန်ထားသော ချင်း၊ ကြက်သွန်ထောင်းကို ဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ ထည့်၍မွှေပါ။ ဆား၊ ငံပြာရည် သင့်အောင်ထည့်ပါ။
  • ခရမ်းချဉ်သီးနွမ်းလျှင် ငါးခူငါးဆုပ်များထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးဖုံးပြီး ချက်ပါ။ ဆီပြန်လာလျှင် သုံးဆောင်နိုင်ပါပြီ။

-မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချက်နည်း ပြုတ်နည်း မှကူးယူဖော်ပြသည်။

Related Posts