ခါးနာ

ခါးနာနေစဉ် ချက်ချင်းရှောင်ရှားသင့်သည့် အပြုအမူ ခြောက်မျိုး

ခါးနာနေစဉ် ချက်ချင်းရှောင်ရှားသင့်သည့် အပြုအမူ ခြောက်မျိုး


“ခါးနောက်ကျောနာတာက အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး အဲဒီပြဿနာကြောင့် အလုပ်အကိုင် ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ခါးနောက်ကျောအောက်ပိုင်းနာတာ ဖြစ်ပေါ်လာခဲ့ရင် ချက်ချင်းရပ်တန့်သင့်တဲ့ အပြုအမူ ခြောက်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။”

၁) နာကျင်မှု ပျောက်ကင်းအောင် စောင့်ဆိုင်းနေခြင်း
ခါးနာတဲ့‌ဝေဒနာက တစ်ပတ် ဒါမှမဟုတ် နှစ်ပတ်ကျော် ကြာနေခဲ့ရင် ဆရာ၀န်နဲ့ပြသပြီး ကုသမှုခံယူပါ။ မိမိဘာသာ ရောဂါပျောက်နိုးနိုးနဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်နေမယ်ဆိုရင် ကုသမှုမှာ ခက်ခဲသွားနိုင်ပါတယ်။ ခါးနာတာကို စောစောစီးစီး ကုသမှုခံယူလေလေ၊ ပျောက်ကင်းနှုန်း မြန်လေလေပါ။

၂) အပူ သို့မဟုတ် အအေးကပ်ခြင်းကို ရပ်တန့်လိုက်ပါ
ခါးနာတာကြောင့် အပူ ဒါမှမဟုတ် အအေးကပ်တာက နာကျင်တဲ့‌ဝေဒနာသက်သာနိုင်ပေမယ့် ယာယီသာ ပျောက်ကင်းနိုင်ပါတယ်။ လေ့လာမှုအများအပြားအရ ခန္ဓာကိုယ်အနေအထား မှန်ကန်အောင် လေ့ကျင့်‌ပေးတာက ခါးနောက်ကျောနာကျင်မှုအတွက် အလွန်ထိရောက်တဲ့ ကုသမှုလို့သိရပါတယ်။

၃) အလေးမ ခြင်းကို ရပ်တန့်လိုက်ပါ
ခါးနာတာရဲ့ အဓိကအကြောင်းရင်းက အကြာခဏ အလေးအပင် မ.ရတာကြောင့် ဖြစ်တာပါ။ သင့်ရဲ့အလုပ်က အလေးအပင် မ.ဖို့ လိုအပ်တယ်ဆိုရင် သင့်ရဲ့ အလုပ်ရှင်ကိုပြောပြီး အလုပ်ဌာနနေရာ ပြောင်းပါ။

၄) ခဏခဏ ကုန်းကွခြင်းကို ရှောင်ပါ
ခါးနာရတာရဲ့ တခြားအကြောင်းရင်းတစ်ခုက မကြာခဏ ကုန်းကွရတာကြောင့် ဖြစ်တာပါ။ အရှေ့ကို ကုန်းကွလိုက်တာကြောင့် ခါးနောက်ကျောရိုးပေါ်က ချပ်ပြားတွေပေါ်မှာ ဖိအားသက်ရောက်မှု အလွန်များပြားသွားပြီး ကြွက်သားကိုက်ခဲတာနဲ့ နာကျင်တာတွေ ဖြစ်ပေါ်လာပါတယ်။ အရှေ့ကိုကုန်းကွရတာကို တတ်နိုင်သမျှရှောင်ပြီး နောက်ဘက်လှန်(ခါးကော့) ပြီး ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးပါ။

၅) လေ့ကျင့်ခန်းမပြုလုပ်ဘဲ မနေပါနှင့်
ခါးနာနေစဉ်မှာ လေ့ကျင့်ခန်းပြုလုပ်ခဲ့ရင် နာကျင်မှုရှိနိုင်ပေမယ့် လေ့ကျင့်ခန်းလုပ်တာက ခါးနောက်ကျောနာတာအတွက် အလွန်အသုံး၀င်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခါးနောက်ကျော ကြွက်သားတွေ သန်မာလာပြီး ခါးရိုးဆစ်နဲ့ ချပ်ပြားအတွင်း သွေးလှည့်ပတ်မှုတွေ ကောင်းမွန်လာနိုင်ပါတယ်။ ဒါ့အပြင် အထိုင်များတဲ့ပုံစံက ခါးနောက်ကျောအတွက် အနေအထားမှန်ကန်မှုမရှိနိုင်ပါဘူး။

၆) ရောဂါရှာဖွေသည့်အပေါ် အာရုံစူးစိုက်မှု ရပ်တန့်လိုက်ပါ
ခါးနောက်ကျောအောက်ပိုင်း နာကျင်သူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ဖြစ်ရတဲ့အကြောင်းအရင်းကို တိတိကျကျ အသိရှိကြပါဘူး။ ခါးနာ‌ဝေဒနာအတွက် ရောဂါရှာဖွေရာမှာ အရိုး၊ အဆစ်နဲ့ ချပ်ပြားတွေ အသေးစိတ် သိရှိနိုင်ပေမယ့် ဘယ်စစ်ဆေးမှုကမှ ခါးနာရတဲ့ အကြောင်းရင်းကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်အောင်တိတိကျကျ မဖော်ပြနိုင်ပါဘူး။

Related Posts