သီမဏိနှင်းဆီရဲ့ မှတ်စု

သီမဏိနှင်းဆီရဲ့ မှတ်စု

ကျွန်မ အလုပ်မနားရဲဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာ စုထားတဲ့ ငွေမရှိလို့ပဲ။
ကျွန်မ ပင်ပန်းတယ်လို့ မပြောရဲဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ လုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ။
ကျွန်မ အပျင်းမကြီးရဲဘူး၊
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ။
ကျွန်မမှာ ရွေးချယ်စရာလမ်းတွေ အများကြီး၊
ဒါပေမဲ့ ရွေးပြီးသားလမ်းကို ဘယ်တော့မှ မပစ်ဘူး။

ဘယ်သူဘယ်လောက်ဘဲ ကျွန်မကို မကောင်းဘူးပြောပြော အချိန်တန်တော့ သူဘာ့သာသူ နားလည်သွားလိမ့်မယ်။ စိတ်ထဲမှာ ထည့်ထားနေစရာ မလိုပါဘူး။ ကိုယ်ဘယ်သူ့အပေါ်မှ အကျွေးမတင်ရင်တော်ပြီ။
စိတ်အေးအေးထားတတ်အောင် ကြိုးစားရမယ်၊ လူ့ဘဝဆိုတာ အတတ်လည်းရှိသလို အဆင်းလည်းရှိတတ်ပါတယ်။ သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာ မလိုပါဘူး။ ဘဝကပေးတဲ့ သင်ခန်းစာတွေ ကြေညက်လေလေ ကိုယ်က ကံကောင်းလေလေပါပဲ။

လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး။ မရှုပ်ထွေးတဲ့ မိသားစု အသိုင်းအဝိုင်း ဆိုတာလည်း မရှိပါဘူး၊ ကျွန်မရွေးချယ်တဲ့ လမ်းကတော့ လုံ့လဝိရိယ ဇွဲဆိုတဲ့ လမ်းပါပဲ။ ကျွန်မဘယ်သူ့ကိုမှ မနာလိုမဖြစ်ပါဘူး၊ ဒီအခြေအနေလေးထိရဖို့တောင် ဘယ်လောက်ထိနေ့မနား၊ ညမနားလုပ်ခဲ့ရလဲ ဆိုတာပဲ မေးကြည့်လိုက်ပါ။

လူတိုင်းလူတိုင်း လွတ်လတ်မှုကို လိုချင်ကြမှာပါ။ အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေသူကိုတောင် မေးကြည့်လိုက်ပါ။ သူတို့လည်းသူတို့ အပူနဲ့ သူတို့ပါ။ ပစ္စည်းဥစ္စာ ကိုယ်ပိုင်လုပ်ငန်းနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဘယ်အရမဆို တန်ဖိုးရှိအောင်သုံးမယ်။ ဒါ့ကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်း မရှိပါဘူး။

လူတိုင်းလူတိုင်းဟာ သူလိုကိုယ်လိုပဲ၊ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် သဘောထားကြီးကြီးထားပါ။ အားပေးအပြုံးလေးတွေ ပြုံးပါ။

သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။  

Related Posts