သားသမီးထက် ပစ္စည်းကိုပိုချစ်လို့လား

သားသမီးထက် ပစ္စည်းကိုပိုချစ်လို့လား

တစ်နေ့မှာ လူတစ်ယောက်ဟာ သိပ်မကြာသေးခင်က ဝယ်ထားတဲ့ ကားသစ်ကြီးမှာ ပစ္စည်းတစ်ခုကို တပ်ဆင်နေတယ်။ အနားမှာရှိတဲ့ လေးနှစ်သမီးလေးဟာ ကျောက်ခဲတစ်လုံးနဲ့ ကားကိုခြစ်နေတယ်။ အဲဒါကို တွေ့သွားတဲ့သူဟာ အရမ်းဒေါသထွက်သွားပြီး သမီးရဲ့လက်ကိုဆွဲပြီး အချက်ပေါင်းများစွား ရိုက်လိုက်တယ်။ နောက်မှ သူသတိထားမိလိုက်တယ်။ သူရိုက်လိုက်တာက လက်ထဲမှာကိုင်ထားတဲ့ ဂွရှင်ကြီးတစ်ခုနဲ့ပါ။ သမီးရဲ့ လက်ချောင်းလေးတွေ ကျိုးကြေသွားတယ်။

ချက်ချင်း ဆေးရုံကိုပို့လိုက်ရတယ်။ ဆေးရုံမှာ တစ်ညလုံး ဆရာဝန်တွေက ကောင်မလေးရဲ့ လက်ချောင်းလေးတွေကို ခွဲစိတ်ကုသဖို့ ကြိုးစားကြတယ်။ လက်ချောင်းတွေဟာ ကျိုးကြေမွသွားလို့ စိတ်မကောင်းစွာနဲ့ လက်ချောင်းလေးတွေကို ဖြတ်ပစ်လိုက်ရတယ်။ နောက်တစ်နေ့ မနက်ကျတော့ ကောင်မလေးက အဖေကို လက်ချောင်းလေးတွေ ပြန်ပေါက်လာဦးမလားလို့ မေးလိုက်တယ်။ သူဟာ မျက်နှာကို တစ်ဖက်လွှဲထားပဲပြီး မျက်ရည်တွေ စီးကျနေတယ်။

ညနေကျတော့ သူ ဆေးရုံကနေ အိမ်ကိုခဏပြန်လာတယ်။ အိမ်ရောက်တာနဲ့ ကားဆီသွားပြီး ကားကို ခြေထောက်နဲ့ကန်ကျောက်ပြီး အော်ဟစ်ငိုလိုက်တယ်။ ပြီးမှ သူ့သမီးလေးက ကားမှာ ကျောက်ခဲနဲ့ ခြစ်ထားတဲ့ နေရာကို ကြည့်လိုက်တယ်။ စာရေးထားတာတွေ့ရတယ်။ “LOVE YOU DAD – ဖေ့ဖေ့ကို ချစ်တယ်” တဲ့။

ဗန်းမော်သိန်းဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts