ဂရုမစိုက်

၁။ ဂရုမစိုက်နဲ့

လူတိုင်းက ကိုယ့်ကိုယ် မကြိုက်နိုင်ဘူး။ ဒါကို မကြိုက်ရကောင်းလားလို့ ပူပန်နေတာ လွဲနေတာပဲ။ အကြွေးကိစ္စနဲ့ ရန်ဖြစ်နေမယ်။ အကျႌအဆင် မလှတာအပေါ် ရန်ဖြစ်မယ်ဆိုရင် အသေးအဖွဲတွေအပေါ် ဂရုစိုက်နေတာပဲ။ အသေးအဖွဲတွေကို ဂရုစိုက်နေရင်တော့ လွတ်လပ်တဲ့ အတွေးအမြင် မရနိုင်ဘူး။ မိမိလမ်းကြောင်းလည်း ရှေ့ကိုရောက်မှာ မဟုတ်ဘူး။ ဘာလို့ဆို ကမ္ဘာကြီးမှာ အသေးအဖွဲ့တွေ ပြည့်နေလို့ပဲ။ ဂရုမစိုက်ပဲနေတဲ့ လူဆိုတာ မရှိဘူး။ ကမ္ဘာထဲက တစ်ခုခုကိုတော့ အဖက်လုပ် ဂရုစိုက်နေကြတဲ့ လူတွေချည်းပါ။ ပြသနာက ဂရုမစိုက်ပဲ နေရမှာတော့ မဟုတ်ဘူး။ ဘာကို ဂရုစိုက်သင့်သလဲ ဆိုတာပဲ။ အထင်အမြင်တွေ၊ နာကျင်မှာတွေ၊ ပြစ်တင်စကားဆိုမှာတွေ တစ်ခုမှ ဂရုစိုက်မနေနဲ့။ ကိုယ်လုပ်ရမယ့် ကိစ္စကိုသာ ဆက်လုပ်သွား။

၂။ ဒုက္ခကိုစိန်ခေါ်

ဘယ်လို ဒုက္ခကို လိုချင်သလဲ။ ကျနော်တို့က ရလာဒ်ကို သာ မျှော်တာ။ ပေးဆပ်ရမယ့် အပိုင်းကို လုံးဝမေ့ထားတယ်။ ရောခ်ကာကြီးတစ်ယောက် ဖြစ်ချင်တယ်။ ပရိတ်သတ်ရှေ့ ဟစ်အော် သီကြွေးတာပဲ မြင်ယောင်တယ်။ သောင်းသောင်းဖျဖျ အားပေးတာပဲ မြင်ယောင်တယ်။ နောက်က အဖွဲ့သားတွေလိုက်စု ရမှာ။ ဒရမ်ပုံးပေါက်နေတာ ပြင်ရမှာ၊ သီချင်းရေးဆရာဆီ ပြေးရမှာ၊ ငှါးမယ့် လူတွေနဲ့ ချိပ်ဆက်ရမှာ၊ နေ့ညမရွေး လေ့ကျင့်နေရမှာ၊ စတဲ့ မိမိခံရမယ့် ဒုက္ခကိုတော့ ချန်းထားတယ်။ တကယ်က ဖြစ်ချင်တယ်ဆိုတာ အဲဒီအရာရဲ့ ဒုက္ခကို ရွေးချယ်ယူလိုက်တာပဲ။

၃။ နာကျင်မှာကို မကြောက်နဲ့။

နာကျင်မှာကြောက်လို့ မတို့ထိရဲလေ ပြသနာကရှုပ်လေ။ နာကျင်မှာကြောက်လို့ မနာအောင်နေလေ ပြသနာက ပိုခက်လေပဲ။ ရည်စားစကား ပြောချင်တယ်။ ပြောလိုက်လေ။ ရှင်းနေတာပဲ။ မပြောရဲဘူး။ ဘာကြောင့်ဆို အငြင်းခံရမှာ ၊ သောက်ရှက်ကွဲသွားမှာ ကြောက်တယ်။ အဲဒီလို နာကျင်မှာ ကြောက်နေတာကြောင့် သူများတွေ အကြံတောင်းတယ်။ ကျနော် ဘာလုပ်ရမလဲ။ ကြိုက်နေရင် ပြောလိုက်လေ။ ပျော်ရွှင်မှုဆိုတာ နာကျင်မှုက သီးပွင်းလာတာ။ နာကျင်မှုတွေ ပြသနာတွေ ဖြေရှင်းလိုက်မှ ပေါ်ထွက်လာတာ။ ပြသနာတွေ ရှောင်နေရုံနဲ့ တကယ့် ပျော်ရွှင်မှုကို ရလာမှာမဟုတ်ဘူး။

၄။ သင်က သာမန်လူတစ်ယောက်ပါ။

ကျနော်တို့က ကိုယ့် ဒုက္ခမှ ပိုကြီးတယ် ခံယူတယ်။ ကျနော်တို့က ကိုယ်က အခြားလူတွေထက် ပိုရသင့်တယ် လို့ သတ်မှတ်တယ်။ ငါက ပိုကြိုးစားတာပဲ။ ငါက ပိုမေတ္တာစေတနာ ရှိတာပဲ။ ဒီအတွက် ငါ့ကို ပို သနားရမယ်။ ပိုကြင်နာ ရမယ်။ ငါက သူများမတူတဲ့ ထူးခြားပါရမီရှင်ပဲ ။ဒီလီု အများနဲ့ မတူ၊ အများထက် ပိုရသင့်တယ် ထင်မှတ်ခံယူ နေတာဟာ အခွင့်ထူးခံချင်တဲ့ စိတ်ပဲ။ အဲဒါ လွဲနေတယ်။ ကိုယ်က ဘာကောင်မှ မဟုတ်ဘူး။ ဘာမှ မလုပ်ရင် ဘာမှ ဖြစ်မလာဘူး။ လေသံနဲ့ အတွေးနဲ့ မိမိကိုယ်ကိုယ် ထူးခြားလူသတ်မှတ်နေတာ လက်တွေ့လုပ်ရမယ့် ကဏ္ဍတွေအပေါ် အချောင်ခိုနေတာပဲ။

၅။ သာမန်နေစဉ်ဘဝတွေမှာ ပျော်ရွှင်မှုရအောင် ရှာတတ်ရမယ်။ နေတတ်ရမယ်

ဆိုရှယ်မီဒီယာတွေ ကြည့်လိုက်ရင် ထူးတာနဲ့ရူးတာ နှစ်ခုပဲတွေ့ရတယ်။ သာမန်ဘဝတွေ မတွေ့ရဘူး။ မတွေ့ရတာက ဆိုရှယ်မီဒီယာဆိုတာ လူစိတ်ဝင်စားဖို့ ကြိုးစားချက်တွေဆိုတော့ ထူးရင်ထူး၊ မထူးရင် ရူးတာကို တင်ပြမှ လူကြည့်မှာ။ အဲဒါကို ကိုယ်က အဟုတ်မှတ်ပြီး အဲဒီ ထူးတာတွေနောက် လိုက်နေရင် သာမန်ဘဝမှာ ပျော်ရွှင်မှု တွေ့မှာမဟုတ်ဘူး။ သာမန်ဖြစ်စဉ် ဘဝတွေမှာမှ ပျော်ရွှင်မှု မရှာတတ်ရင် တစ်ချိနိလုံး ကိုယ့်ဘဝက ခြောက်သွေ့တော့မှာပါ။

ဆရာချမ်းမြေ့ဝင်း ဘာသာပြန်သော “ဂရုမစိုက်ခြင်း အနုပညာ” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts