hapeye

လူတိုင်းမှာ သူနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာက ရှိပြီးသားပါ။ လူတွေက နေရာပေးချင်နေတာ။

တစ်ခုတော့ ရှိတယ်။ လူတိုင်းဟာ ထိုက်တန်တဲ့နေရာကို ရကြတယ်။ လူတွေက ဘယ်လိုနေရာမှာ ထားလေ့ရှိသလဲ။ အဲဒီသတ်မှတ်မှုက ကိုယ့်အပေါ်ပဲ တည်တယ်။ ကိုယ့်အလုပ်ပေါ်ပဲ တည်တယ်။ ကိုယ့်လုပ်ရပ်က အများအတွက် အထောက်အကူဖြစ်ရင် အများက ကိုယ့်ကိုလိုလားမယ်၊ နေရာပေးမယ်။ လူရာဝင်မယ်။

အဲ…ကိုယ်က ယောင်တောင်ပေါင်တောင် ဆိုရင်တော့ ကိုယ့်ကိုခေါ်ချင်ပြောချင်တဲ့သူတောင် ရှိမှာမဟုတ်ဘူး။ ကိုယ်က ရာထူးရာခံတစ်ခုခုရှိနေရင် ကိုယ်နဲ့ပတ်သက် ဆက်ဆံချင်တဲ့သူတွေ ရှိမယ်။ ကိုယ်က ရာထူးကပြုတ်သွားမယ်၊ ပင်စင်ယူသွားပြီဆိုရင် ဆက်ဆံရေးက ကျဲသွားမယ်။ ဒါသဘာဝပဲ။ ခံစားမနေနဲ့။ ဒါမှမဟုတ် ကိုယ်က (အပြင်) အလုပ်တစ်ခု လုပ်တယ်။ အောင်မြင်တယ်၊ နေရာပေးကြလိမ့်မယ်။ ကိုယ်က ဆက်မလုပ်တော့ဘူးဆိုရင် ကိုယ့်ကို အရင်လို နေရာပေးမှာ မဟုတ်တော့ဘူး။ ဒါသဘာဝပဲ။ လူရာဆက်ဝင်ချင်ရင်တော့ အလုပ်တစ်ခုခု လုပ်ရမှာပဲ။ နေရာတစ်ခုရအောင် ကြိုးစားရမှာပါပဲ။

ဒါကြောင့် နေရာတစ်ခုလိုချင်ရင် ကိုယ်က အများအတွက်  အထောက်အပံ့ပြုနိုင်တဲ့ အလုပ်တစ်ခုခု လုပ်ရမယ်။ မလုပ်ရင်၊ ဒါမှမဟုတ် မလုပ်တော့ရင်တော့ နေရာမရှိဘူး။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts