hapeye

ပန်းကောင်းအညွှန့်ကျိုး

မသမာသူ ကျားငစဉ်းလဲက ဖျက်ဆီးလိုက်လို့ သမီးဘဝတော့ ပန်းကောင်းအညွှန့်ကျိုး ဖြစ်ရပါပြီ’ လို့ ပြောတာ ကြားဖူးတယ်။

ကိုယ်နဲ့တွဲတဲ့ကောင်က ကိုယ့်ကိုတန်ဖိုးမထားဘဲ ဖျက်ဆီးတာခံလိုက်ရသတဲ့။ ဘယ်လိုဖြစ်ရတာလဲ မေးကြည့်တော့ သူ့ကိုယုံပြီး သူခေါ်တဲ့ ဆိတ်ကွယ်ရာ လိုက်သွားမိတယ်။ ဆိတ်ကွယ်ရာမှာ အနိုင်ကျင့်တာခံရပါသတဲ့။ စိတ်မကောင်းစရာပါပဲ။ ကိုယ့်ကို တန်ဖိုးအထားမခံရတာဝမ်းနည်းစရာပေါ့။

ဒါပေမဲ့ စေ့စေ့စပ်စပ် စဉ်းစားကြည့်လိုက်တော့ ကိုယ်ကကော၊ ကိုယ့်ကိုကိုယ် တန်ဖိုးထားခဲ့ရဲ့လား။ အလွယ်တကူ သူခေါ်ရာ လိုက်သွားမိတော့ အစော်ကား ခံလိုက်ရတယ်။ ခုအချိန်ရောက်မှ ငိုနေလည်းအပျို ပြန်မဖြစ်တော့ဘူး။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတဲ့သူကိုမှ အခြားသူကလည်း တန်ဖိုးထားတတ်တာ သဘာဝပါ။ လမ်းဘေးမှာ ဖက်ရွက်ခင်း ရောင်းတဲ့ပစ္စည်းနဲ့ ကြွေပန်းကန်ထဲထည့် မှန်ရှိုးကေ့စ်ထဲ ထည့်ရောင်းတဲ့ပစ္စည်း၊ ပစ္စည်းချင်း အတူတူဖြစ်ရင်တောင်မှ တန်ဖိုးထားခံရတာချင်း မတူဘူး။

ကိုယ့်ကို သူများက လေးစားပါလို့ လိုက်ပြောနေလို့ အလေးစားခံရမှာ မဟုတ်ဘူး။ လေးစားအောင် ပြုမှုနေထိုင်ရင် အလေးစားခံရမယ်။ အခြားသူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို လိုလားရင် ကိုယ်က ချစ်ခင်နှစ်သက်စဖွယ်ဖြစ်အောင် ပြုမှုနေထိုင်ရင် သူများရဲ့မေတ္တာကို အလိုလို ရနိုင်ပါတယ်။

အဓိကကတော့ ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင် ကိုယ်တိုင်က ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး တန်ဖိုးရှိအောင် နေထိုင်ပြုမူရမှာ ဖြစ်ပါတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts