လူ့တန်ဖိုး

လူအယောက် ၅၀ လောက် တက်ရောက် နားထောင်ကြတဲ့ဟောပြောပွဲလေးတစ်ခုမှဖြစ်ပါတယ်။ စင်မြင့်ပေါ်ကနေ ဟောပြောသူဟာ ဒေါ်လာ၅၀ ငွေစက္ကူတစ်ရွက်ကို သူ့အင်္ကျီအိတ်ကပ်ထဲကဆွဲထုတ်လိုက်ပြီးအပေါ်ကိုမြှောက်ပြလိုက်တယ်။ ပြီးတော့စင်အောက်ကပရိတ်သတ်ကို မေးလိုက်တယ်။ အဲဒီပိုက်ဆံကိုလိုချင်တဲ့သူရှိရင် လက်ထောင်ပြပါလို့။ လူတွေအားလုံးလက်ထောင်ပြကြတယ်။

သူဟာ ပိုက်ဆံကို လက်ဖဝါးထဲမှာ ဆုတ်ခြေညှစ်လိုက်တယ်။ တွန့်ကြေနေတဲ့ပိုက်ဆံကို အပေါ်မြှောက်ပြရင်း ဘယ်သူယူချင်လဲလို့ထပ်မေးတယ်။ လူတွေအားလုံးဟာလက်ထောင်ပြကြပြန်တယ်။ 

ဒီတစ်ခါ သူကပိက်ဆံအကြေကိုလုံးပြီး ကြမ်းပေါ်ပစ်ချလိုက်တယ်။ သူ့ဖိနပ်တစ်ဖက်နဲ့ ဖိနင်း‌ခြေလိုက်ပြန်တယ်။ အဲဒီကြေမွညစ်ပေသွားတဲ့ ကောက်ယူမြှောက်ပြရင်းထပ်မေးပြန်တယ်။ ဘယ်သူတွေလိုချင်သလဲလို့။ အားလုံးကလက်ထောင်ပြကြပြန်တယ်။ 

ဒီတော့ဟောပြောသူဟာ ပရိသတ်ကို ဘာကြောင့် ညစ်ပေနွမ်းကြေနေတဲ့ပိုက်ဆံကို လိုချင်နေကြတာလဲဆိုတာကိုရှင်းပြလိုက်တယ်။ 

သူက ‘ပိုက်ဆံဟာ တွန့်ကြေညစ်နွမ်းသွားပေမယ့် သူ့ရဲ့ဒေါ်လာ 50 တန်ဖိုးဟာ ယုတ်လျော့မသွားလို့ပါပဲ’ လို့ ပြောပြလိုက်တယ်။ 

ထိုနည်းတူ တန်ဖိုးရှိတဲ့လူတစ်ယောက်ဟာ ဆင်းရဲလို့ အဝတ်အစားနွမ်းနွမ်းပါးပါးဝတ်ထားလို့ဆိုပြီး သူ့တန်ဖိုး ယုတ်လျော့မသွားပါဘူး။ 

လူ့တန်ဖိုးကိုချမ်းသာတာ၊ အဝတ်အစားကောင်းဝတ်နိုင်တာ၊ ငွေကို ရေလိုသုံးနိုင်တာတွေနဲ့ မတိုင်းတာပါဘူး။ သူ့ရဲ့အပြုအမူ၊ အပြောအဆို၊ ရိုးသားဖြောင့်မတ်မှု၊ အကျင့်သီလ စတာတွေနဲ့ တိုင်းတာကြရမှာပါ။ 

ဗန်းမော်သိန်းဖေရေးသားထားသောမျှဝေလိုသောအတွေးများမှ ကူးယူဖော်ပြထားပါသည်။ 

OpenYourBusinessOnline

အတွေးအခေါ်

Related Posts