ချားလ်(စ)ရိုင်း(န) (Charles Rhyne)

အမေရိကန်နိုင်ငံသား ဥပဒေပညာရှင်။ ၁၉၁၂ ခုနှစ်တွင် မွေးသည်။

ရိုင်း(န)အင်ရိုင်း(န်)အမည်ဖြင့် ရုံးခန်းဖွင့်လှစ်၍ ဥပဒေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သည်။ ဝါရှင်တန်ရှိ National Savings & Trust ကုမ္ပဏီ၏ ဒါရိုက်တာလူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ရှေ့နေတစ်ဦးအဖြစ် အထူးအောင်မြင်ထင်ရှားခဲ့၍ ၁၉၅၇-၅၈ ခုနှစ်တွင် အမေရိကန်ရှေ့နေများအသင်း၏ ဥက္ကဌအဖြစ် တင်မြှောက်ခြင်း ခံရသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ ဥပဒေအဖွဲ့အစည်းများတွင် ဥက္ကဌ၊ ဘုတ်အဖွဲ့သဘာပတိ စသည့်ဦးဆောင်နေရာများမှ ပါဝင်ဆောင်ရွက်ခဲ့သည်။

Municipal Law (1957), International Law (1972), Law of Local Government Operations (1980) တို့ အပါအဝင် ဥပဒေရေးရာ စာအုပ်စာတမ်းများစွာ ရေးသားပြုစုခဲ့သည်။

” ဒီမှာချာလီ၊ လူလေး၊ ကြေညက်အောင် ထွန်ယက်မထားတဲ့ လယ်ကွက်မျိုးမှာ ဘယ်တော့မှ သီးနှံကောင်းကောင်းမထွက်ဘူးကွ၊ မင်း အဲ့ဒါ မှတ်ထား။ “

ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။

Related Posts