လိုချင်တာနဲ့ လိုအပ်တာ
လိုချင်တာနဲ့ လိုအပ်တာကို ခွဲခြားသိဖို့ လိုပါတယ်။ ဥပမာ-ကိုယ်အလေးချိန် အဝလွန်နေသူ တစ်ယောက်က ပိန်ဖို့လိုအပ်ပါတယ်။ ပိန်ဖို့လိုအပ်တာကိုသိပေမဲ့ ပိန်အောင်မလုပ်ရင်တော့ ကိုယ်အလေးချိန် မကျနိုင်ပါဘူး။ လိုအပ်တာသိပေမဲ့ မလုပ်တဲ့အတွက် ကြာရင် စိတ်ပျက်တာ၊ စိတ်ဓာတ်ကျတာပဲ ဖြစ်ပါလိမ့်မယ်။ ပိန်တာ၊ ကိုယ်အလေးချိန်ကျတာကို လိုချင်လာရင်တော့ ပိန်အောင်၊ ကိုယ်အလေးချိန်ကျအောင် လေ့ကျင့်ခန်းလုပ်တာ၊ အစားလျှော့စားတာတို့လုပ်ရင် ကိုယ်အလေးချိန် ကျလာပါလိမ့်မယ်။ အောင်မြင်မှုကို လိုအပ်တယ်ဆိုတာနဲ့ မလုံလောက်ပါဘူး။ အောင်မြင်မှုကို လိုချင်စိတ်ရှိရပါမယ်။
တီထွင်နိုင်တယ်ဆိုတာ ဖြစ်ချင်စိတ် ပြင်းပြတဲ့ ဆန္ဒကြောင့်ပါ။
တခြားလူကို အနိုင်ယူချင်တဲ့ ဆန္ဒကြောင့် မဟုတ်ပါဘူး။
Ayn Rand
ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။