မပေါင်းသင့်သောလူ (၁၀ )မျိုး

မပေါင်းသင့်သောလူ (၁၀ )မျိုး

(၁) အတူတူရှိရုံနဲ့ ကိုယ့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသူ

လူတွေအတွက် စိတ်ဖိစီးမူဆိုတာဟာ လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်သာ ရှိသင့်ပါတယ်။ ဒါပေမဲ့ အတွင်းမှာက လိုအပ်တာထက်ပိုပြီး ကိုယ့်ကို အနိုင်ကျင့် နေသူနဲ့တော့ အတူတူရှိဖို့ မလိုပါဘူး။

(၂) စကားအပြောလေးနဲ့ လူတွေကို အသုံးချသူ

သင်အနားမှာ ကပ်ပါးကောင်လို အမြဲတမ်းကပ်နေပြီး ပါးစပ်ကလေးနဲ့ အလုပ်လုပ်နေသော သူ ကို ရှောင်သင့်ပါတယ်။ သူကတော့ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ဘာလုပ်ရလုပ်ရ လုပ်မဲ့သူပါ။ နောက်ဆုံးမှာတော့ ဒီလူတွေက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိသူတွေရဲ့ မုန်းတီးမူကို ခံရမှာပါ။

(၃) ရိုသေလေးစားမူ မရှိသူ

လူ့လောကမှာ တစ်ယောက်နဲ့တစ်ယောက် လေးစားရိုသေမူကြောင့် အရာအားလုံးက အဆင်ပြေနေ တာပါ။ ကိုယ့်က အလေးထားနေပေးမဲ့ သူက ရိုင်းပျနေရင်တော့ အဆက်ဖြတ်လိုက်ပါ။ အချိန်ကုန်ပါတယ်။

(၄) စိတ်ထဲရှိရာကို ပြောနေသောသူ

သူ့စိတ်ထဲမှာတော့ ဘာမှမစဉ်းစားပဲ ပြောနေတဲ့အရာက တဖက်သားမှာတော့ နာကျည်းစရာ၊ စိတ်ခံစားရ မယ်ဆိုရင်တော့ ဒီလိုလူကိုလည်း ဝေးဝေးကနေရှောင်ပါ။

(၅) လိမ်ပြောသောသူ

လူဖြစ်လာရင် အခြေအနေနဲ့ အချိန်အခါအရ လိမ်ပြောရသောအခါမျိုးလည်း ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်သဘောအရ လူမှုရေးအရ ပေါင်းသင်းနေတဲ့သူက အမြဲတမ်း လိမ်ညာ ပြောနေရင်တော့ ဒီလူနဲ့ ဆက်လက် ပေါင်းသင်းရန် မသင့်တော်ပါဘူး။

(၆) ရှေ့တစ်မျိုး၊ နောက်တစ်မျိုး လုပ်သောသူ

သင့်ရှေ့မှာတော့ ချိုချိုသာသာ ဆက်ဆံပြီး သင့်နောက်ကွယ်မှာတော့ ရိုင်းပျစွာ သူတပါးကို ဆက်ဆံနေရင်တော့ ဒီလူကို သတိထားပါ။ ဒီလိုလူမျိုးကတော့ ကိုယ့်ရဲ့အကျိုးကို ရှေ့တန်းထားပြီး စဉ်းစားဆုံးဖြတ်တတ်တဲ့ သူ ဖြစ်တာကြောင့် မပေါင်းသင့်ပါဘူး။

(၇) ပါးပါးလေးသာ ပေါင်းသောသူ

အတူတူရှိနေချိန်မှာတော့ သူငယ်ချင်းလို့ ထင်ရပေမဲ့ အခက်အခဲတွေနဲ့ ကြုံလာရရင်တော့ တိုင်ပင်ဖော်မရပဲ မသိသလိုနေတတ်သော သူကိုတော့ မြန်မြန်သာ ဖြတ်လိုက်ပါ။

(၈) ဓါတ်ပြားဟောင်းကြီး ဖွင့်နေသောသူ

လူ့ဘဝ ခဏတာမှာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သင့်ပါတယ်။ ပြဿနာတွေကို ကျော်ဖြတ်ပြီး အောင်မြင်အောင် လုပ်ကြရတာပါ။ အတိတ်ကအကြောင်းတွေကို အကြိမ်ကြိမ် ဓါတ်ပြားဟောင်းကြီးဖွင့်နေသောသူဟာ ဘဝမှာလည်း တိုးတက်ရန် မျှော်လင့်ချက်မရှိတော့ပါ။ ဒီလိုလူမျိုးကိုလည်း ဝေးဝေးကသာ ရှောင်ပါ။

(၉) လိုတာထက် ပိုကောင်းသောသူ

သူတပါးကို ကူညီသောသူဆိုတာ သူတပါးရဲ့ လိုအပ်ချက်အပေါ်တွင် ချင့်ချိန်၍ ကူညီမှာသာလျှင် ကူညီရာ ရောက်ပါလိမ့်မယ်။ လိုတာထက်ပိုပြီး အခြားသော ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်နေသော သူကိုလည်း ရှောင် ပါ။

(၁၀) မကောင်းပြောပြီး တားသောသူ

ဘဝမှာ အရေးကြီးသော ဆုံးဖြတ်ချက် တွေကို ချရတော့မဲ့အချိန်မှာ အားပေး အားမြောက်မဟုတ်ပဲ မကောင်းသောဘက်မှ မလုပ်ရန် တားဆီးသော သူကိုလည်း အဆက်ဖြတ်ပါ။ သင့်ဘဝအတွက် တန်ဖိုးမရှိပါဘူး။

စိုးနိုင်မင်းရေးသားသော သူ့ဘဝ စာအုပ်လေး မှ ကူးယူဖော်ပြသည်။

Related Posts