Orange1

လိမ္မော်သီး ဆေးနည်း အစွမ်းထက်ပုံ

ကျန်းမာပြီး အသားအရေကို လှပစေတဲ့ နှစ်လိုဖွယ်ရာ သဘာဝ သီးနှံထဲမှာ လိမ္မော်သီးက ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဗီတာမင်စီ အပြည့်အဝ အားကိုးလို့ရတဲ့အပြင် ချက်ချင်း အမောပြေ လန်းဆန်း စိတ်ကြည်နူးဖွယ် ကောင်းလှတဲ့ အဆင်းအရသာ ရှိတဲ့အတွက်လည်း အချဉ်ဓာတ်ပါ အသီးတွေထဲမှာ လူကြိုက်အများဆုံး၊ အကျော်ကြားဆုံး အသီးပေါ့။ အရွယ်အစားအားဖြင့် အချင်း ၆ စင်တီမီတာကနေ ၁၂ စင်တီမီတာအထိ တွေ့နိူင်ပါတယ်။ လိမ္မော်ပင်ဟာ အများအားဖြင့် ၁၂ မီတာ အမြင့်ထိရှိပြီး အရွက်တွေက အမြဲတမ်း အစိမ်းရင့်ရောင် သမ်းနေတယ်။ လိမ္မော်ပွင့်တွေဟာ အလွန်မွှေးပြီး စိတ်ပေါ့ပါးလန်းဆန်းစေတယ်။ လိမ္မော်အမျိုးအစားအားဖြင့် အခွံထူ၊ အခွံပါး၊ လိမ္မော်ချဉ်ရယ်လို့ သုံးမျိုးရှိပါတယ်။ အခွံပါးတဲ့ လိမ္မော်မျိုးဟာ အိန္ဒိယမှာ ထင်ရှားပြီး အခွံထူ အလုံးကြီးတွေက ဥရောပမှာ အထင်အရှားတွေ့ရပါတယ်။

လိမ္မော်ပင် ဘယ်ကစ

လိမ္မော်သီး

လိမ္မော်သီးကို စပြီး တွေ့ရှိခဲ့ရာ မိခင်ဒေသဟာ တရုတ်ပြည် တောင်ပိုင်း ဖြစ်သည်။ ၁၄၉၈ ခုနစ်ကျမှ အိန္ဒိယတောင်ပိုင်းကို ရောက်ပြီး ထိုမှတစ်ဆင့် ကမ္ဘာ့အနောက်ဘက်ခြမ်းသို့ ပျံ့နှံ့ သွားတယ်လို့ ယူဆကြပါတယ်။ စင်စစ်ကတော့ အိန္ဒိယမှာက လိမ္မော်ပင်ကို Nagpul နဲ့ Pune ဆိုတယ်။ Maharashtra နယ်မှာပဲ တွေ့ရတာပါ။ လိမ္မော်ပင် အများအပြား စိုက်ပျိုးကြတဲ့ နေရာတွေက အမေရိကန်၊ စပိန်၊ ဘရာဇီးလ်၊ တရုတ်၊ ဂျပန်၊ ပါလက်စတိုင်း၊ အီတလီ၊ အာဖရိကတောင်ပိုင်း၊ အီဂျစ်နဲ့ မက္ကဆီကို နိူင်ငံများ ဖြစ်ကြပါတယ်။

လိမ္မော်သီး အာဟာရ

HapEye Knowledge Sharing

လိမ္မော်သီးမှာ နုပျို၊ သက်ရှည်၊ ကျန်းမာစေဖို့ အပြည့်အဝ အထောက်အကူ ပြုနိူင်တဲ့ ဗီတာမင်အေ၊ ဘီ၊ စီ အပြင် ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မက္ကနီဆီယမ်၊ ကော့ပါး၊ ဆာလ်ဖာနဲ့ ကလိုရင်းများ ပါဝင်ပါတယ်။ ဗီတာမင်စီ များစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကြွက်သားတွေကို ကျစ်လျစ် သန်မာစေ ပါတယ်။ ကိုယ်ခန္ဓာထဲက ကလာပ်စည်းတွေ၊ ဆဲလ်တွေကို ပျက်စီးစေတဲ့ ဓာတုပစ္စည်းတွေကို ချေဖျက်နိူင်ပြီး သွေးကြောတွေ ထူထဲမာကျောလာသမျှ ကာကွယ်နိူင်တဲ့အတွက် အသားအရေကို ညီညွတ်လှပစေပြီး အရွယ်တင် နုပျိုစေပါတယ်။

သဘာဝ အကျိုးကျေးဇူး

 လိမ္မော်သီး

လိမ္မော်သီးမှာ အစာကြေစေတဲ့ ကစီဓာတ်တွေ ပါဝင်ပါတယ်။ လိမ္မော်ရည်ဟာ သွေးထဲက သကြားဓာတ်ကို ထိန်းညှိပေးနိူင်သလို အစာကို ကြေညက်လွယ်ပြီး ကျစ်လျစ်တဲ့ အသားစိုင် ဖြစ်စေ နိူင်တယ်။ စားသုံးပြီး တစ်ခဏ အတွင်းမှာ အပူဓာတ်နဲ့ ခွန်အားကို ထုတ်ပေးပြီး ခန္ဓာကိုယ်ကို ချက်ချင်းအားဖြည့် လန်းဆန်း စေနိူင် ပါတယ်။ လိမ္မော်သီးကို မှန်မှန်စားသုံးသူဟာ အအေးမိ၊ နှာစေးခြင်း ကင်းပြီး သွေးလေညီညွှတ် မှန်ကန်စေပါတယ်။ လိမ္မော်သီးရဲ့ ထူးခြားတဲ့ အစွမ်းက နုပျိုခြင်းနဲ့ သက်ရှည်ကျန်းမာစေခြင်းပါ။ အသီးတွေ အားလုံးထဲမှာ အရွယ်မရွေး စားသုံးနိူင်ပြီး ရောဂါမှန်သမျှ နဲ့ တည့်တဲ့ အသီးဟာ လိမ္မော်သီးပါပဲ။

ဖျားနာသူ

 လိမ္မော်သီး

လိမ္မော်သီးဟာ လူမမမာအတွက် အကောင်းဆုံးဓာတ်စာပါ။ ညှိုးနွမ်းပြီး အားအင်ကုန်ခမ်းနေတဲ့ လူနာကို စိတ်နှလုံး ကြည်လင်ပြီး အားပြည့်လန်းဆန်း စေတယ်။ အစားမစားချင်ဘဲ ခံတွင်းပျက်နေတဲ့ လူနာကို ခံတွင်းရှင်းပြီး စားချင်စိတ်ရှိစေတယ်။ အော့အန်သူကို သက်သာစေတယ်။ သွေးယားခြင်း၊ အဆိပ်အတောက် ဖြစ်ခြင်း၊ ဓာတ်မတည့်မှုဖြစ်ခြင်း အတွက်လည်း သက်သာစေပါတယ်။ ဝက်သက်၊ အဆုတ်ရောဂါကြောင့် ဖျားနာခြင်း၊ နာတာရှည်ရောဂါများ အတွက် အကောင်းဆုံး အားဖြည့်အစာဟာ လိမ္မော်သီး ဖြစ်ပါတယ်။ လူမမာကို လိမ္မော်သီးများများ ကျွေးပေးတာဟာ ရောဂါကို သက်သာစေသလို အားအင်ကို အမြန်ဆုံး ပြန်လည်ပြည့်လာစေနိူင်ပါတယ်။

အစာမကြေ လေနာခြင်း

လိမ္မော်သီး

နာတာရှည် အစာအိမ်ရောဂါ စွဲနေသူများ လိမ္မော်သီးမှန်မှန် စားပေးရင် အလွန့်ကို ထိရောက်စွာ အကျိုးပြုနိူင်တာ တွေ့ရပါတယ်။ အစာကြေလွယ်စေရုံသာမက သွေးသားအဖြစ် မြန်စေပါတယ်။ အူလမ်းကြောင်းထဲက ဘက်တီးရီးယားတွေကို ဟန့်တား ကာကွယ်ပေးနိုင်စွမ်းလည်း ရှိပါတယ်။

ဝမ်းချုပ်ခြင်း

လိမ္မော်သီး

နေ့စဉ် လိမ္မော်သီး တစ်လုံး ၊ နှစ်လုံး မှန်မှန်စားပေးပြီး အိပ်ရာထမှာလည်း စားပေးခဲ့မယ်ဆိုလျှင် ဆီးဝမ်းအတွက် မပူရဘဲ အပူအပုပ် ကင်းစင်နေမှာပါပဲ။ ဝမ်းမှန်တာကြောင့် အသားအရေလည်း လှစေပါတယ်။အစာအဆိပ်အတောက် ဖြစ်ခြင်းကိုလည်း အလိုအလျောက်ကာကွယ်ပြီးသား ဖြစ်ပါတယ်။

သွားနှင့် အရိုးများ သန်မာစေဖို့

လိမ္မော်သီး

လိမ္မော်သီးမှာ ကယ်လ်စီယမ်နဲ့ ဗီတာမင်စီပြည့်ဝစွာ ပါရှိတာကြောင့် သွားရောဂါ၊ အရိုးနဲ့ ပတ်သတ်တဲ့ ရောဂါမှန်သမျှအတွက် တန်ဖိုးရှိလှ ပါတယ်။ အရိုးပျော့ရောဂါဖြစ်သူများနှင့် ရေစီးကမ်းပြို ဖြစ်သူများကို ဆရာဝန်တွေက လိမ္မော်သီးများများ စားပေးဖို့ ညွှန်ကြားလေ့ရှိပါတယ်။

နှလုံးရောဂါရှင်များ

လိမ္မော်သီး

နှလုံးရောဂါရှင်များကိုလည်း လိမ္မော်သီးစားဖို့ အဓိက အားပေး ပါတယ်။ နှလုံးရောဂါအတွက်လည်း လိမ္မော်သီးက အကျိုးပြုနိုင်ဆုံး ဖြစ်နေပါတယ်။ နှလုံးရောဂါရှိသူအတွက် လိမ္မော်သီးကို ပျားရည်နဲ့ စားပေးခြင်းဖြင့် ဝေဒနာကို သက်သာစေနိူင်ပါတယ်။ နှလုံးတုန်၊ ရင်တုန်၊ ရင်အောင့်သူများ လိမ္မော်သီးစားလိုက်ရတဲ့ တစ်ခဏမှာ သိသာစွာ တည်ငြိမ်မှုရပြီး စိတ်ကျေနပ်သွားကြရပါတယ်။

ဝက်ခြံအတွက် အားကိုးပါ

လိမ္မော်သီး

မည်သည့်ဝက်ခြံ အမျိုးအစားမဆို လိမ္မော်ခွံကို အားကိုးဖို့ တိုက်တွန်းလိုက်ပါရစေ။ လိမ္မော်ခွံတွေကို ကြိတ်စက်နဲ့ အနှစ် ရအောင် ရေအနည်းငယ်ထည့်ပြီး ကြိတ်ပါ။ ဝက်ခြံပေါ်တွင်ဖြစ်စေ၊ မျက်နှာအသားအရေပေါ်တွင် ဖြစ်စေ လိမ်းပေးခြင်းဖြင့် သက်သာစေ ပါတယ်။

နို့စို့ကလေး တိုက်ကျွေးနိုင်

လိမ္မော်သီး

ကလေးငယ်များ နို့ကောင်းစွာ မစို့ခဲ့လျှင် လိမ္မော်ရည်ညှစ်ပြီး တိုက်ကျွေးလို့ရပါတယ်။ ကလေးရဲ့ အသက်အရွယ်ပေါ် မူတည်ပြီး ၁၅ မီလီဂရမ်မှ ၁၂၀ မီလီဂရမ်အထိ ချင့်ချိန်တိုက်ကျွေးနိူင်ပါတယ်။ နေ့စဉ်တိုက်ကျွေးလို့လည်း အန္တရာယ် မရှိနိူင်ပါ။

ချွဲသလိပ်တွေ ကြေခဲနေလျှင်

လိမ္မော်သီး

လိမ္မော်ရည်ထဲတွင် ဆားအနည်းငယ်ခတ်ပြီး ပျားရည်တစ်ဇွန်းနဲ့ တိုက်ပါ။ အဆုတ်ရောဂါ၊ ပန်းနာရောဂါ၊ အအေးမိ ချောင်းဆိုး၊ ချွဲသလိပ်ကပ်အပြင် အခြားအဆုတ်ရောဂါမှန်သမျှကို အမြန်ဆုံး သက်သာ ပျောက်ကင်းချမ်းသာရပါတယ်။

လိမ္မော်သီးအသုံး

လိမ္မော်သီး

လိမ္မော်သီးဟာ အသီးထဲမှာ လူကြိုက်အများဆုံးဖြစ်ပေမဲ့ မှန်မှန်စွဲပြီး စားသုံးသူက ရှားပါတယ်။ အချိုပွဲအဖြစ်သာ အနည်းအကျဉ်း စားကြပါတယ်။ အနောက်နိူင်ငံတွေမှာက marmalades နဲ့ ယို(jam) အဖြစ်လည်း အသုံးပြုနိူင်ပါတယ်။ သည့်အပြင် ရေမွှေး အပါအဝင် အလှကုန်ပစ္စည်းတွေမှာ အများအပြား သုံးကြတာ တွေ့ရပါတယ်။ လိမ္မော်သီး ဘယ်လိုပဲ အသုံးပြုကြပါစေ အကျိုးပြု နေတာပါပဲ။ အကောင်းဆုံးက လတ်ဆတ်တဲ့ လိမ္မော်သီးကို သင့်တစ်သက်တာ နေ့စဉ်မှန်မှန် စားသွားရင် နုပျိုကျန်းမာစွာ အသက်ရှည်ပါလိမ့်မယ်။

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

လိမ္မော်သီး in wiki

# next post

Related Posts