လက်တွေ့ကျကျ

လက်တွေ့ကျကျ နေထိုင်ခြင်း

လက်တွေ့ကျကျ နေထိုင်ခြင်း

ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်လိုသည်မှာ သဘာဝကျသော ဆန္ဒပင်ဖြစ်သည်။ သို့ရာတွင် အလုပ်ခွင်၊ အားကစားခွင်၊ မိတ်ဆွေအပေါင်းအသင်းခွင်နှင့် ချစ်မှုရေးရာခွင်တို့တွင် ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်မှုကို မျှော်မှန်းထားသည်ဆိုပါက ထိုကိစ္စသည် အချိန်အခါအများစု၌ ဖြစ်နိုင်လေ့မရှိသောကြောင့် မလွှဲမရှောင်သာဆိုလိုသလို အပျက်သဘောဆောင်သည့် ခံစားမှု ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် သင်၏ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်လိုသည့် စိတ်ကို စိန်ခေါ်ပါ။

မိမိကိုယ်ကို သော်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များကို သော်လည်းကောင်း၊ ကမ္ဘာကြီးကို သော်လည်းကောင်း ၎င်းတို့ထံမှ မျှော်လင့်ထားမှုများမှာ လက်တွေ့ကျကျဖြစ်ပါစေ။ မြင့်မြင့်မားမား မျှော်လင့်ချက်ထားမှု၊ အကောင်းမွန်ဆုံး ဆောင်ရွက်နိုင်ဖို့ မျှော်မှန်းထားမှု၊ အခြားပုဂ္ဂိုလ်များထံမှ အကောင်းဆုံးကို မျှော်လင့်ထားမှုတို့ကို ရပ်တန့်မပစ်လိုက်ပါနှင့်။ သို့ရာတွင် ထိုကိစ္စများသည် သင် မျှော်မှန်းထားသလို ဖြစ်မလာပါကလည်း စိတ်ဓာတ်မကျပါနှင့်။

သင်တတ်နိုင်သမျှ အကောင်းဆုံးဆောင်ရွက်ပါ။

သင်ရှုံးနိမ့်သွားသည့်အခါ ဆိုးရွားသော စိတ်ခံစားမှု ဖြစ်ပေါ်မလာစေရန် အလွန်အရေးကြီးပါသည်။ တစ်ချက်တည်းနှင့် ကျင်းဝင်အောင်ရိုက်မရသည့်အခါ စိတ်မပျက်ပါနှင့်။ ဖြစ်နိုင်လောက်သည့် ပန်းတိုင်ကို ချမှတ်ပြီး အားကစားကို အရသာခံပါ။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

#OpenYourBusinessOnline

Related Posts