နာမည်ကျော် အမေရိကန်ပြဇာတ်နှင့် ရုပ်ရှင်မင်းသမီးကြီးဖြစ်သည်။
ကလေးဘဝကတည်းက ဇာတ်ခုံပေါ်ရောက်ခဲ့ပြီး အသက်၁၈နှစ်တွင် ဆာဂျိမ်း(စ) ဘယ်ရီ၏ Dear Brutus ပြဇာတ်တွင် သရုပ်ဆောင်ရာမှ ‘ စတား ‘ ဖြစ်လာသည်။ Victoria Regina ပြဇာတ်၌ ဝိတိုရိယ ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ရာ အထူးလူကြိုက်များခဲ့သည်။
ရုပ်ရှင် သရုပ်ဆောင်အဖြစ် The Sin of Madelon Claudet ဇာတ်ကား၌ ပထမဆုံး ပါဝင်ခွင့်ရရာ ၎င်းဇာတ်ကားဖြင့်ပင် ၁၉၃၁-၃၂ အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခြင်းခံရသည်။ ဒုတိယအကြိမ် အကယ်ဒမီဆုကို ၁၉၇၀ခုနှစ်၌ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့အဖြစ် Airport ဇာတ်ကားအတွက် ရရှိသည်။
၁၉၂၈ ခုနှစ်တွင် ပြဇာတ်ရေးဆရာ ချားလ်စ်မက်အာသာနှင့် လက်ထပ်သည်။ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် (On Reflection) ကို ၁၉၆၈ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။
လူ့ဘဝမှာ အရေးကြီးဆုံးက သမီး တကယ်လေ့လာတယ်၊ ကြိုးစားတယ်၊ ကိုယ်တတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်ခဲ့တယ်လို့ ကိုယ့်ဘာသာ လက်ခံနိုင်ဖို့ပဲ။ အဲ့ဒါဆိုရင် ကိစ္စတစ်ခုပြီးမြောက်အောင် စွမ်းဆောင်နိုင်ပြီဆိုတဲ့သဘော။ အဲဒါဟာအရေးကြီးတယ်။ အောင်မြင်တယ်လို့ပြောကြတာ၊ သူတစ်ပါးတွေ ကိုယ့်ကို ချီးကျူးကြတာ၊ ဒါတွေလဲ ကောင်းပါတယ်။ အရသာရှိပါတယ်။ ဒါပေမဲ့ ကိစ္စတစ်ခု ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုလောက် တန်ဖိုးမရှိဘူး။ ကျေနပ်အားရစရာလဲ အကောင်းဘူး။ အဲဒီတော့ အောင်မြင်တယ် အအောင်မြင်တယ်ဆိုတာတွေ အသာ ဘေးဖယ်ထား၊ ကိုယ်လုပ်စရာရှိတာကိုသာ အကောင်းဆုံးလုပ်နိုင်အောင်ကြိုးစား။
-ဖေမြင့် ရေးသားသော ( မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား )စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။