L1

ရှောက်သီး အစွမ်း

အချဉ်ဓာတ်ပါ အသီးထဲမှာ ရှောက်သီး ကလည်း ဆေးစွမ်းထက်တဲ့အမျိုးပါပဲ။ ကျန်းမာလှပ နုပျိုကြဖို့ရာ ရှောက်သီးနဲ့ ကင်းလို့မရပါဘူး။ ရှောက်သီးရဲ့ ထူးခြားချက်က အစာကြေညက်စေရုံမကဘဲ အညစ်အကြေးအစားကြွင်းတွေကို ချွေးအဖြစ် ထွက်စေနိူင်စွမ်းရှိနေခြင်းပါ။ 

ရှောက်သီးအစ တွေ့ရှိရာဒေသ
Origin

ရှောက်သီး

ရှောက်သီးကို အိန္ဒိယပြည်အနောက်မြောက်ပိုင်းဒေသတွေမှာစပြီး တွေ့ရှိခဲ့ပါတယ်။ အမြင့်ပေ ၄၀၀၀ ကျော်တဲ့အထိ ရှိခဲ့တယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက အရှေ့တောင်အာရှမှာလည်း များစွာ စိုက်ပျိုးခဲ့တာ တွေ့ရတယ်။ ၁၂ရာစု၊ ၁၃ရာစုလောက်မှ ဥရောပနိူင်ငံများသို့ ပျံ့နှံ့ခဲ့ရတာပါ။ ယခုတော့ အပူပိုင်းဒေသရော သမပိုင်းဒေသတွေမှာပါ အများအပြား စိုက်ပျိုးလာကြပါတယ်။ အမေရိက၊ စပိန်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အနောက်အိန္ဒိယမှာလည်း ရှောက်ပင်ကို တွေ့မြင်ကြရပါပြီ။ 

အာဟာရတန်ဖိုး သဘာဝအကျိုး
Food Value and Natural Benefits

ရှောက်သီး

အစားအစာတွေမှာ ရှောက်သီးပါမှ အရသာရှိတယ်လို့ ဆိုရမလောက်အသုံးတည့်တဲ့ အသီးပါ။ ရှောက်သီးရဲ့ အချဉ်ဓာတ်ဟာ သံပရာထက် စူးရှမှ နည်းပြီး အရသာလည်းရှိ၊ ရောဂါလည်းကင်းစေပါတယ်။ ကိုက်ခဲညောင်းညာမှုကို သက်သာစေတယ်။ ဗီတာမင်စီများစွာ ပါတဲ့အတွက် အသားအရေကိုလည်း ကြည်လင်စေပါတယ်။ ရှောက်သီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ဓာတ်ခွဲကြည့်တဲ့အခါ စားသုံး၍ရသော အပိုင်း၁၀၀ ဂရမ်မှာ ရေဓာတ် ၈၅%၊ ပရိုတင်း 1%၊ အဆီ ဝ.၉%၊ သတ္တု ဝ.၃%၊ အမျှင် ၁.၇%၊ ကာဗိုဟိုက်ဒရိတ် ၁၁.၁% ပါဝင်ပါတယ်။ သတ္တုနဲ့ ဗီတာမင်တွေကတော့ ကယ်လ်စီယမ် ၇၀ မီလီဂရမ်၊ မီးစုန်းဓာတ် ၁၀ မီလီဂရမ်၊ သံဓာတ် ၂.၃ မီလီဂရမ်၊ ဗီတာမင်စီ ၃၉ မီလီဂရမ်နဲ့ ဗီတာမင်စီ အနည်းငယ် ပါဝင်ပါတယ်။ 

စကာဗီ


ရှောက်ရည် ၁၀၀ဂရမ်မှာ ဗီတာမင်စီ ၆၀ဂရမ်ပါဝင်တဲ့အတွက် အသီးတွေထဲမှာ ဗီတာမင်စီ အများဆုံးပါဝင်တဲ့အမျိုးအစားပါ။ ဗီတာမင်စီ ချို့တဲ့လို့ ဖြစ်ရတဲ့ စကာဗီရောဂါရှင်အတွက် ရောဂါသက်သာစေပါတယ်။ ရှောက်ရည်မှာ ဗီတာမင်ဘီလည်း ပါဝင်ပါတယ်။ ရှောက်ရည်တစ်ဆ၊ ရေသုံးဆကို ပျားရည် သို့မဟုတ် သကြားနှင့်ဖျော်ပြီး သောက်ရင် စကာဗီရောဂါကို ကာကွယ်နိူင်သလို ရောဂါပျောက်ကင်းစေတယ်။ 

ခံတွင်းနှင့် သွားရောဂါများ
Oral Disease

ရှောက်သီး

ရှောက်သီးက ခံတွင်းရှင်းပြီး သွားဖုံးနဲ့သွားတွေကို ခိုင်မာစေနိူင်စွမ်းရှိပါတယ်။ သွားပေါ်က ကြွေတွေကို ပိုပြီး ခိုင်ခံ့စေတယ်။ သွားဖုံးပြည်ယိုခြင်း၊ ရောင်ခြင်း၊ ရေစီးကမ်းပြိုဖြစ်ခြင်း စတဲ့ ခံတွင်းနှင့် သွားရောဂါ မှန်သမျှ သက်သာပျောက်ကင်းစေနိူင်တယ်။ 

လည်ချောင်းရောဂါ 
Throat Disorders

ရှောက်သီး

လည်ချောင်းနှင့် ပတ်သတ်သမျှ ရောဂါများအတွက်လည်း ရှောက်သီးက အလွန်အကျိုးပြုပါတယ်။ လည်ချောင်းယားယံခြင်း၊ အစာနင်ခြင်း၊ သီးခြင်း၊ ပါးသိရောင်ခြင်း စသည့်ရောဂါများ၊ လည်ချောင်းအတွင်းဖြစ်သော ရောဂါများအတွက် ဆေးဖက်ဝင်ပါတယ်။ ဆေးနည်းကတော့ ရှောက်သီးမှည့်တလုံးကို အခွံမခွာဘဲ တဖြည်းဖြည်း ကွဲအက်လာသည်အထိ မီးဖုတ်ပါ။ သို့မဟုတ် ပေါင်းပါ။ ယင်းအရည် လက်ဖက်ရည်ဇွန်းနှင့်တဇွန်းကို ပျားရည်အနည်းငယ်ဖြင့် တစ်နာရီခြားတစ်ခါ သောက်ပေးပါ။ လည်ချောင်းယားခြင်း၊ နင်ခြင်း၊ သီးခြင်းများ ချက်ချင်းသက်သာစေပါတယ်။ ယင်းရှောက်သီးမီးဖုတ်ရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို ရေနွေးတစ်ဖန်ခွက်နှင့် ပျားရည်ပါတယ်ဆိုရုံထည့်ပြီး သောက်လျှင်လည်း ရပါတယ်။ တစ်ကျိုက်တည်း ဆက်တိုက်မသောက်ဘဲ ဖြည်းဖြည်းချင်း စုပ်ယူ သောက်သင့်ပါတယ်။ 


အစာအိမ်ရောဂါ
Digestive Problems

ရှောက်သီး

ရှောက်သီးဟာ အစာကြေစေနိုင်စွမ်းရှိပြီး အစာမကြေတဲ့ ရောဂါများအတွက် ဆေးဖက်ဝင်ပါတယ်။ ရှောက်သီးနဲ့ ပျားရည်ကို ဖျော်ပြီး မှန်မှန်သောက်ပေးလျှင် အစာမကြေ လေထိုးလေအောင့်၊ လေပွတဲ့ရောဂါများပျောက်ကင်းပြီး ကျန်းမာသက်သာစေပါတယ်။ ဝမ်းချုပ်ခြင်း၊ သည်းခြေနှင့်ဆိုင်သော ရောဂါများခြင်းကိုလည်း ရှောက်ရည်က သက်သာပျောက်ကင်းစေပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်း သို့မဟုတ် ရင်အောက်ပိုင်းပူ၍ နာလာပြီး အစာမကြေဖြစ်သည့် ရင်ပူနာ (heart burn) အတွက် ရှောက်ရည်ကို ရေအနည်းငယ်ရောပြီး သောက်ပေးရင် ပျောက်ကင်းပါတယ်။ 

အဖျားရောဂါများ
Fevers

ရှောက်သီး

ကျောက်ရောဂါ၊ ဝက်သက်ရောဂါ၊ စကားလက် (Scarlet) ခေါ် အဖုအပိမ့်များထွက်နေသော ရောဂါများကြောင့် အဖျားတက်ပြီး ရေငတ်ခြင်း၊ ကိုယ်ပူပြီး အသားအရေများ အလွန်ခြောက်သွေ့ခြင်းအတွက် ဆေးနည်းကတော့ ရှောက်ရည် ၁၅ဂရမ်မှ ၂၅ဂရမ်ခန့် သောက်ပေးရုံနှင့် ပျောက်ကင်းစေပါတယ်။ 

သွေးလွန်ခြင်း
Haemorrhage

 

ရှောက်သီး

သွေးလွန်ခြင်း၊ သွေးသွန်ခြင်း၊ အဆုတ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ ဆီးအိမ်၊ ကျောက်ကပ်နှင့် အခြားခန္ဓာကိုယ်တွင်းအဂါၤများ၏ သွေးကြောများမှာ သွေးထွက်ခြင်းအတွက် ရှောက်ရည်ကို ရေနှင့်ရောပြီး တစ်ရက်လျှင် အကြိမ်များစွာ သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါတယ်။ 

သရက်ရွက်ကြီးခြင်း
Enlargement of Spleen

ရှောက်သီး

သရက်ရွက်ကြီးသော ဝေဒနာရှင်အတွက် ရှောက်သီးနှစ်လုံးကို ထက်ခြမ်းခြမ်း၍ ဆားအနည်းငယ်ထည့်ပြီး မီးမျှင်းမျှင်းအပူပေး၍ စားပါက သက်သာပျောက်ကင်းစေပါသည်။

အအေးမိခြင်း
Cold

ရှောက်သီး

၁၉၃၁ခုနစ်၊ နိုဝင်ဘာလက လန်ဒန်မှာ ပထမဦးဆုံး အအေးမိရာက စဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါ (ဘိလပ်တုပ်ကွေး)ရှင်ကို ဘယ်ဆရာဝန်နဲ့မှ မကုသဘဲ ရှောက်သီးနဲ့ပဲ ကုသပျောက်ကင်းခဲ့တဲ့အတွက် “Alemon a day,keeps a cold a way” လို့ ပြောစမှတ်ရှိခဲ့ပါတယ်။ ဆိုးဆိုးရွားရွား အအေးမိပြီးဖျားခဲ့လျှင် ရှောက်သီးနှစ်လုံးကရတဲ့ ရှောက်ရည်ကို ရေနွေး ½လီတာနဲ့ ရောပြီး ပျားရည်အနည်းငယ်နဲ့ ဖျော်သောက်ပါ။ အိပ်ရာမဝင်မီမှာ မှန်မှန်သောက်ပါ။ အမြန်ဆုံး ပျောက်ကင်းစေပါတယ်။ 

ကာလဝမ်းရောဂါ
Cholera

ရှောက်သီး

ရှောက်သီးရဲ့ အံ့ဖွယ်အာနိသင်က ကာလဝမ်းရောဂါ ပျောက်စေနိူင်စွမ်းပါ။ ရှောက်ရည်ဟာ ဝမ်းရောဂါပိုးတွေကို သေကျေလွယ်စေ ပါတယ်။ ရှောက်ရည်ကို သကြားနဲ့ဖျော်ပြီး သောက်ပေးရင် ပျောက်ကင်းစေပါတယ်။ ရှောက်သီးကို နေ့စဉ်ထမင်းဝိုင်းကို ထည့်စားသူ အတွက် ကာလဝမ်းရောဂါက ကာကွယ်ပြီးသားဖြစ်ပါတယ်။ 

ရူမက်တစ်ရောဂါ
Rheumatic Affections

ရှောက်သီး

ရိုးဆက်ရောင်ရမ်းနာ၊ နှလုံးကြွက်သားရောင်ရမ်းနာ၊ တင်ပါးဆုံးရိုးဆစ်နာ၊ တင်ခံကြွက်သားနာခြင်း (sciatica)၊ ခါးနာခြင်း (lumbago)နှင့် ဂေါက်ရောဂါရှင်များအတွက်လည်း ရှောက်သီးက ဆေးဖက်ဝင် ပါတယ်။ ရှောက်သီးရဲ့ အရသာက ချဉ်ပေမဲ့ စားသုံးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲ ရောက်သွားရင် အယ်လ်ကာလိုင်းသတ္တိသို့ ပြောင်းသွားပါတယ်။ ရှောက်ရည်ကို သောက်ပေးခြင်းဖြင့် နာကျင်ရောင်ရမ်းမှု များကို သိသာစွာ ပျောက်ကင်းစေပါတယ်။ 

အဝလွန်ခြင်း
Obesity

ရှောက်သီး

အဝလွန်သူများအတွက် ရှောက်ရည်ကို ရေနှင့်ဆတူရောပြီး သောက်ပေးရမှာဖြစ်ပါတယ်။ ပထမဆုံးနေ့မှာ ရေချည်းဝအောင် သောက်ပေးပါ။ ဒုတိယနေ့မှာ ရှောက်သီးသုံးလုံးညှစ်၊ အရည်ကို ရေနဲ့ဆတူရောပြီး သောက်ပါ။ တစ်နေ့ရှောက်သီးတစ်လုံးတိုး ရေဆတူရော၍ မှန်မှန်သောက်သွားပါ။ ရှောက်သီးငါးလုံးပြည့်အောင် သောက်ပြီးလျှင် တစ်လုံးစီ ပြန်လျှော့သွားပါ။ နောက်ဆုံး တစ်လုံးစာတွင် ရပ်၍ နေ့စဉ်တစ်လုံးသောက်ပါ။ (သာမန်ဝသူ Over Weight များအတွက်မဟုတ်ပါ။ အလွန်အကျွံဝလွန်းသူ obesity များသောက်ရန်သာ ဖြစ်ပါသည်။)
 

အသားမာ
Corn

အသားမာဖြစ်လာတဲ့အခါ ရှောက်သီး အဖျားပိုင်းကို ရှပ်လှီးပြီး အသားမာပေါ်သို့ ဖိ၍စည်းထားပါ။ ညအိပ်ရာမဝင်မီမှာ ပြုလုပ်ပေးပါ။ နံနက်အိပ်ရာထမှ သိသာစွာ ပျော့ပျောင်းသွားစေပါတယ်။ 
 

ခြေဖဝါး၊ ခြေဖနောင့် အက်ကွဲခြင်း 

Burning Soles and Heels


ရှောက်သီးကို လှီး၍ ခြေဖဝါး၊ ခြေဖနောင့်ကြမ်းတမ်းအက်ကွဲသော နေရာများတွင် ဖိ၍ ပွတ်ပေးပါ။ အက်ကွဲနာကျင်မှု ကင်း၍ အကောင်းပကတိ ဖြစ်လာစေနိူင်ပါတယ်။ 

သွေးလည်ပတ်ခြင်းဆိုင်ရာ ရောဂါများ

Circulatory Disorders
 

ရှောက်ရည် ၁၀၀ဂရမ်မှာ ဗီတာမင်ပီ ၁.၇၅ မီလီဂရမ်ပါသလို ရှောက်သီး ခွံမှာလည်း သည်နှုန်းထားအတိုင်း ပါဝင်ပါတယ်။ သည်ဗီတာမင်ဟာ သွေးကြောမျှင်များမှ သွေးယိုစိမ့်မှု၊ သွေးလွန်မှု (haemorrhage) ကို ကာကွယ်နိူင်စွမ်းရှိပါတယ်။ သွေးတိုးရောဂါနှင့် သေးငယ်သော သွေးကြောလေးများ မာကျစ်ခြင်းရောဂါအတွက်လည်း ဆေးဖက်ဝင်အစာဖြစ်တယ်။ နှလုံးနှင့်ပတ်သတ်ပြီး နှလုံးအားနည်းခြင်း အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ရှောက်သီးအခွံကို မှန်မှန်တို့မြုပ်စားရင် သည်ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။ နှလုံး၊ သွေးတိုးနှင့်ပတ်သတ်ပြီး ဆေးဖော်မယ်ဆိုရင်တော့ ရှောက်သီး နှစ်လုံးမှ အခွံကို ပါးပါးလှီးပြီး ရေနွေးထဲမှာ ၁၂နာရီကြာ စိမ်ထားပါ။ ၎င်းဆေးရည်ကို အစာစားပြီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ သို့မဟုတ် သုံးနာရီခြားတစ်ခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ သောက်ပါ။ 

နုပျိုလှပဖို့ရာ 
Beauty Aid 

ရှောက်သီး

နုပျိုလှပဖို့ရာ ရှောက်ရည်နေ့စဉ်သောက်ပါ။ အသားအရေမှာ အကွက်၊ အပြောက်တွေဖြစ်လာလျှင် လတ်ဆတ်တဲ့ ရှောက်သီးဖြင့် ပွတ်ပေးပါ။ အသားထဲသို့ အရည်စိမ့်ဝင်နိူင်လေ အပျောက်မြန်လေပါပဲ။ အသားချောချင်ရင် ရှောက်သီးနှင့်တစ်ညတာပွတ်ထားပြီး နောက်တစ်နေ့မှ ရေအေးနဲ့ ဆေးပစ်ပါ။ လတ်ဆတ်တဲ့ ရှောက်ရည်ကို ရေအေးနဲ့ တစ်ညသိပ်ထားပြီး နောက်နေ့မနက်မှာ ခေါင်းလျှော်ရင် ဆံပင်တွေကို နက်မှောက်တောက်ပြောင်စေပါတယ်။ ဒဏ်ရာအနာတရရပြီး ကြမ်းတမ်းတဲ့အသားအရေကို အခွံနဲ့ ပွတ်ပေးပါ။ အထူးသဖြင့် တံတောင်ဆစ်နှင့် ဒူးခေါင်းမှာ ကြမ်းတမ်းညိုမည်းတဲ့အခါ ရှောက်သီးခွံပွတ်ပေးရုံနဲ့ ကောင်းစွာ ပျောက်ကင်းပြီး အသားအရေကို ချောမွေ့စေပါတယ်။ 

ရူပါသိမ်းရေးသားထားသော သဘာဝအစားအစာများ၏ ဂုဏ်သတ္တိဖြင့် ကျန်းမာလှပအောင်နေနည်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

# next post

ရှောက်သီး in wiki

Related Posts