မွေးနေ့

မွေးနေ့

ဘုန်းဘုန်းရဲ့မွေးနေ့မှာ ဘာတွေးတုန်းဆိုတော့ . . .
အချိန်နည်းလာပြီ။ အချိန်လုပြီးတော့ ကောင်းတဲ့အလုပ်တွေ ပိုလုပ်ရမယ်။ မွေးနေ့မှာ တရားတော်နဲ့ လျော်ညီအောင်ဆိုရင်တော့ . . . ဪ ငါနေရမယ့် နှစ်တွေ၊ ရက်တွေ နည်းသွားပြီ။ ဒီအသိဉာဏ်လေးရရင် ဓမ္မသံဝေဂ ရသွားပြီ။

ဒါ့ကြောင့် မြတ်စွာဘုရားက မရဏဿတိ များများပွားပါတဲ့။ သေခြင်းတရားရှိတယ်ဆိုတာ ကိုယ့်ဟာကကိုယ် ခဏခဏ သတိပေးပါ။ ဘာဖြစ်လို့တုန်းဆိုတော့ . . . Our time is limited. ဘဝရဲ့ အချိန်တွေဟာ အကန့်အသတ် ရှိပါတယ်။ အသက် (၇၀) နေရသူရဲ့ အသက်ရှင် ရက်ပေါင်းဟာ ၂၅,၅၅၀ ရက်ပဲ ရှိပါတယ်။

၁၄.၁၁.၂၀၁၈
SSBU တောင်ကြီး

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts