သက်ရှိလောကထဲတွင် လူဟူသော သတ္တဝါတို့သည် တစ်ဦးတည်းတစ်ယောက်တည်း နေထိုင်ရှင်သန်လေ့ရှိသော သူများမဟုတ်ကြပါ။ ကျောက်ခေတ်အရိုင်းဘဝကတည်းပင် မိသားစုအဖော်အပေါင်းများနှင့် အတူတကွနေထိုင်လေ့ရှိကြသူများဖြစ်၏။

ယနေ့ခေတ်အထိလည်း မိသားစုပုံသဏ္ဌာန်သေးငယ်ချင်ငယ်မည်၊ ကြီးချင်ကြီးမည်။ တစ်ယောက်တည်းအထီးကျန်နေသူရှိချင်ရှိမည်။ သို့သော် အခြားသောလူများ အပေါင်းအဖော်များနှင့် ကင်းကွာ၍မနေနိုင်ကြပေ။ လူ့ယဉ်ကျေးမှုဟူ၍ ထွန်းကားလာသည်နှင့်အမျှ လူတို့အချင်းချင်း ပူးပေါင်းနေထိုင်မှု ပုံစံအမျိုးမျိုးလည်း ပေါ်ထွက်လာခဲ့သည်။

မိသားစုမျိုးရိုးအုပ်စုအလိုက် စုပေါင်းနေထိုင်မှုများ၊ ဆွေမျိုးသားချင်းတော်စပ်သူများ အုပ်စုဖွဲ့၍နေထိုင်မှုများ၊ ပထဝီဝင်နယ် နိမိတ်အပိုင်းအခြားအလိုက် နေထိုင်သူများ၊ မူရင်းဇာတိဒေသခံ နယ်မြေအလိုက်၊ မျိုးနွယ်စုများအလိုက် ပြောဆိုသည့် ဘာသာစကားအလိုက် ဘာသာကိုးကွယ်မှု တူညီကြသူများအလိုက် စသည်ဖြင့် အမျိုးမျိုးသောပုံစံများဖြင့် အတူတကွ စုပေါင်းနေထိုင်လာခဲ့ကြသည်။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ ဒေါက်ထွေး(ဆေး/မန်း)၏ လူနှင့်အဖော် ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts