ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲပါ

ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲပါ

ပတ်ဝန်းကျင်အခြေအနေကို ပြောင်းလဲပါ

ပတ်ဝန်းကျင်အခြေအနေကို လက်ခံမလား၊ ဒါမှမဟုတ် ပြောင်းလဲမလားဆိုတာ ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ပတ်ဝန်းကျင်အခြေအနေက ကိုယ့်ရဲ့ အောင်မြင်မှုကို အဟန့်အတား ဖြစ်နေတယ်ဆိုပါစို့။ ပြောင်းလဲမှာပါလို့ မျှော်လင့်နေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ကောင်းတဲ့ပတ်ဝန်းကျင်ကို ပြောင်းဖို့က ကိုယ်ပဲ လုပ်ရမှာပါ။ ပတ်ဝန်းကျင် အခြေအနေက ကိုယ့်အောင်မြင်မှုကို အဟန့်အတားဖြစ်နေရင် ကောင်းတဲ့ ပတ်ဝန်းကျင်ကို ပြောင်းပါ။

မကြိုက်တာရှိရင် ပြောင်းပါ။ ပြောင်းလို့ မရရင်တော့ မိမိစိတ်ဓာတ်ကို ပြောင်းရပါလိမ့်မယ်။
Maya Angelou

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts