မျှတသောတုံ့ပြန်မှုကို

မျှတသောတုံ့ပြန်မှုကို ရှာဖွေခြင်း

မျှတသောတုံ့ပြန်မှုကို ရှာဖွေခြင်း

လိုရာကိုဆွဲ၍ တွေးတောခြင်းနမူနာခလုတ်များအပျက်သဘော ဆောင်သည့်အတွေးပို၍မျှမျှတတ ရှိသောအတွေး
အစစအရာရာကို ဆိုးရွားသည်ဟု အဓိပ္ပယ်ဖွင့်ဆိုခြင်းသင့်ဆရာသမား အမျိုးသမီးက သင့်အပေါ်၌ စိတ်မဝင်စားမှု“သူမ” က ငါ့ကို မကျေမနပ် ဖြစ်နေတယ်သူခမျာ စိတ်ဖိစီးမှုတွေ များလွန်းနေရှာတယ်
ပြဿနာများကို စိတ်ကူးနှင့်တွေးကြည့်နေခြင်းသင်နှင့်တွဲ၍ ဆောင်ရွက်နေသော လုပ်ဖော်ကိုင်ဘက်က မျက်မှောင်ကုတ်မှုငါက ဘာအမှားလုပ်မိလို့လဲသူ ဘာ့ကြောင့် မျက်မှောင်ကုတ်တာပါလိမ့်
ယေဘုယျ ကောက်ချက်များ ဆွဲခြင်းမိတ်ဆွေတစ်ယောက်က သင်၏မွေးနေ့ကို မေ့လျော့နေမှုဘယ်သူကမျှ ငါ့ကို မနှစ်သက်ကြပါလားငါက မွေးနေ့လက်ဆောင်ကတ်တွေ အများကြီးရထားတာပဲ
အဆိုးရွားဆုံး ဖြစ်ပျက်လာလိမ့်မည်ဟု စိတ်ကူးနှင့် တွေးတောခြင်းအရောင်းစံချိန် ကျဆင်းနေမှုငါတို့လုပ်ငန်းတော့ ဒေဝါလီ ခံရလိမ့်မယ်အရောင်းပြန်တက်လာအောင် ဘယ်လိုလုပ်ကြမလဲ
အဆိုးများကို ပုံကြီးချဲ့နေခြင်းသင့်မော်တော်ကားဂိတ်တိုင်နှင့် ဝင်ပွတ်တိုက်မှုတစ်ကမ္ဘာလုံးက ငါ့ကို ရန်လုပ်နေကြပါလားဟောတော့ မော်တော်ကားမှာ အစင်းရာတစ်ခု ထပ်ထင်သွားပြီ

အကောင်းဘက်မှ ရှုမြင်ခြင်း

တရုတ်စာ၌ “ပြဿနာ” ဆိုသော စကားလုံးသည် “အခွင့်အလမ်း” ဟူ၍လည်း အဓိပ္ပာယ်ရပါသည်။ ဤနေရာ၌ ပေးလိုသော သင်ခန်းစာမှာ ပြဿနာတစ်ခုကို ရှုမြင်ရာ၌ ထိုပြဿနာ၏ အတွင်းဘက်၌ ရှိနေသော အခွင့်အလမ်းတစ်ခုကို တွေ့အောင်ရှာဖွေခြင်းဖြင့် အပျက်သဘောဆောင်သည့် အတွေးကို စိန်ခေါ်ရန် ဖြစ်သည်။ သင့်အနေဖြင့် သင်ခန်းစာတစ်ခု ရကောင်းရပါမည်။ သို့မဟုတ် စေ့ဆော်တိုက်တွန်းမှုကို ရကောင်းရပါမည်။ ပြဿနာများကို ရှောင်ရှားကောင်း ရှောင်ရှားနိုင်ပါမည်။ သေးငယ်သော အခက်အခဲကလေးများပင် တိမ်မည်းညို၏ ငွေဇာနားကလေးကို ရှာတွေ့နိုင်ပါသည်။

မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။

OpenYourBusinessOnline

Related Posts