hapeye

မေးခွန်းတွေမေးတတ်၊ အဖြေကို ရှာတတ်ရမယ်

မေးခွန်းတွေမေးတတ်၊ အဖြေကို ရှာတတ်ရမယ်
ကျမ ခုနကတည်းက ဒီအလာမှာပေါ့နော်။ အမေ့အိမ်ကျောင်းလေး တစ်ခုမှာ ရပ်ပြီးတော့ ကလေးတွေနဲ့ စကားပြောခဲ့ပါတယ်။ ကလေးတွေနဲ့ စကားပြောတဲ့ အခါကျတော့ ကျမကမေးတယ်။ ပညာဆိုတာကို ဘယ်လိုနားလည်ကြလဲလို့ မေးတယ်။ ဒီတော့ကလေးတွေက ဘယ်လိုဖြေလဲဆိုတော့ တစ်ယောက်က နိုင်ငံခေါင်းဆောင်ဖြစ်အောင်လို့၊ တစ်ယောက်ကတော့ မိဘတွေကို လုပ်ကျွေးနိုင်အောင်လို့၊ တစ်ယောက်ကတော့ နိုင်ငံကို အကျိုးပြုနိုင်အောင်လို့ စသဖြင့်ဖြေကြတယ်။ အဲဒီအဖြေတွေက တကယ်တော့ ပညာဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို ဖြေတာမဟုတ်ဘူး။ ပညာကို ဘယ်လိုသုံးမလဲလို့ ဆိုတဲ့ မေးခွန်းကို ဆိုတာပဲ ဖြစ်တယ်လို့ ကျမဒီလိုပဲ မြင်တယ်။

ကျမတို့ရဲ့ပြည်သူလူထုဟာ ကျမထပ်တလဲလဲပြောနေတယ်။ မေးခွန်းတွေ မေးတတ်ပြီးတော့ မေးခွန်းတွေရဲ့ အဖြေကို ရှာတတ်ရမယ်။ ဒီတော့ကျမက ကလေးတွေကို ရှင်းပြတယ်။

ပညာဆိုတာ အခြေအနေတစ်ခုကို မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့ အဲ့ဒီသုံးသပ်ချက်အရ လုပ်တတ်ခြင်းပဲ။ ဒါပေမဲ့ လုပ်တတ်ရုံနဲ့ မပြီးသေးဘူးပေါ့နော်။ လုပ်ရဲတာလည်းရှိရမယ်။

ဖိုးစိုင်း (ဂျာနယ်လစ်) စုစည်းတင်ပြထားသော လူငယ်တို့အတွက် ဘဝခွန်အားပြောစကားများ၊ ဒေါ်အောင်ဆန်းစုကြည် စာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts