မိမိတန်ဖိုးကို မြှင့်တင်ပါ

မိမိတန်ဖိုးကို မြှင့်တင်ပါ

၁။ ဘဝမှာ အကောင်းဆုံးတွေကို လိုချင်ရင် မိတ်ဆွေကိုယ်တိုင်က ကောင်းတာတွေကိုပဲ
ရွေးချယ်ပြီးလုပ်နေဖို့ အရေးကြီးတယ်..။ အဆင်မပြေဘူးလို့ ညည်းတွားနေမယ့်အစား
အကောင်းဆုံးနည်းလမ်းကို ရှာဖွေလုပ်ဆောင်ပါ . . .။ ပိုင်ဆိုင်ဖို့ကြိုးစားနေတဲ့ အရာတွေဟာ
မိမိပေးဆပ်ခဲ့ရတာတွေနဲ့ တကယ်ရော ထိုက်တန်ရဲ့လားဆိုတာ မိတ်ဆွေကိုယ်တိုင် ပြန်ပြီးသုံးသပ်ဖို့ လိုအပ်ပါတယ်..

၂။ ဘယ်နေရာရောက်ရောက် အောင်မြင်ချင်တဲ့သူက ကြိုးစားတယ်. . .။ မတိုးတက်ဘူး တိုးတက်တယ်ဆိုတာ ရောက်နေတဲ့ နေရာနဲ့ မဆိုင်ဘူး. . .။ မိတ်ဆွေရဲ့ ရည်ရွယ်ချက်နဲ့ပဲ သက်ဆိုင်တယ်. . .။ ဘာမှ မလုပ်လို့ ဆင်းရဲနေမှာထက်စာရင် ကြိုးစားပြီး ဆင်းရဲနေတာက
မိတ်ဆွေရဲ့ အနာဂတ်အတွက် ရလဒ်ကောင်းတွေ ရလာမှာပါ။

၃။ စစ်မှန်တဲ့ချမ်းသာမှု့ကို လိုချင်ရင် ငွေလွယ်လွယ် ရချင်တဲ့စိတ်ကို ဖျောက်ပါ. . .။ မှန်ကန်တဲ့ နေရာတစ်ခု ပိုင်ဆိုင်ဖို့အတွက် ထိုက်တန်တဲ့ ပေးဆပ်မူဆိုတာရှိတယ်. . .။ အနည်းဆုံးတော့ မိတ်ဆွေဟာ အချိန်ဆိုတဲ့ သမားတော်နဲ့ ရင်နှီးဖို့လိုတယ်. . .။ လောကမှာ ဘယ်အရာမှ လွယ်လွယ်မရဘူး။ အလွယ်ရတာဆိုလို့ မိဘဆီက မေတ္တာပဲရှိတယ်..။

၄။ မိမိကိုယ်မိမိ တန်ဖိုးထား မြှင့်တင်ပါ။ လူငယ်တွေနဲ့ ပေါင်းတဲ့အခါ မိတ်ဆွေဟာ လူကြီးဖြစ်ရဲ့လား စဉ်းစားပါ. . .။ လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မိတ်ဆွေဟာ ရင့်ကျက်သူတစ်ယောက် ဖြစ်ရဲ့လားဆိုတာ စမ်းစစ်ပါ. . .။ ဒါဆို မိတ်ဆွေရဲ့ အရေးပါမှု့ကို
လူတွေက အသိမှတ်ပြု ကြိုဆိုကြလိမ့်မယ်. . .။ ဒါဟာ မိတ်ဆွေရဲ့ တန်ဖိုးပါ….။

၅။ အရေးကြီးတာက မိမိရဲ့ အနာဂတ်ဟာ မိမိရဲ့လက်ထဲမှာပဲ ရှိနေဖို့ အရေးကြီးတယ်…။
လူတွေပြောတဲ့ မျှော်လင့်ခြင်း အိပ်မက်ဆိုတာ ကြိုးစားနေရင်းနဲ့ မက်ရတာမျိုးပါ..။ ထိုင်နေရင်း မက်လို့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး…။ ဒီနေ့ခေတ်ကြီးမှာ အချိန်ကုန်စေတဲ့ အရာတွေ အများကြီးပဲ…။ ခေတ်ကြီးကတော့ တိုးတက်နေတာပဲ..။ တကယ်တမ်း မပြောင်းလဲတာက
လူတွေရဲ့ စိတ်ဓာတ်ဆိုတာပါ..။

အတွေးအခေါ် စာစုလေးများ မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်

Related Posts