မတော်တော့သော အင်္ကျီလေးများ

မတော်တော့သော အင်္ကျီလေးများ (Part 2)

တချို့ ကိုယ်နဲ့အရမ်းရင်းနှီး ချစ်ကြည် စည်းလုံးခဲ့ကြတဲ့သူတွေဟာ အင်မတန်မှပဲ အံ့ဩစရာကောင်းစွာနဲ့ သူစိမ်းတွေလို ဖြစ်သွားတတ်ကြတယ်။ ကျွန်မ အဲဒီ‌ ပြောင်းလဲမှုတွေကို ခံစားမိပါတယ်…။ အထွေအထူး ဝမ်းနည်းမိတာကတော့ မရှိပါဘူး။

ကျွန်မဟာ သူ့အတွက် မတော်တော့တဲ့ အင်္ကျီတစ်ထည် ဖြစ်သွားခဲ့လို့ နေမှာပါ။ သူတို့ အင်္ကျီအသစ်တွေ ထပ်ဝယ်လိုက်သလို ကျွန်မမှာလည်း နောက်ထပ် အင်္ကျီအသစ်ကလေးတွေ ရှိလာဦးမှာပါပဲ။

သူနဲ့ Fit ဖြစ်တဲ့ သူနဲ့တွေ့တဲ့အခါ… သူလည်း ပျော်ရွှင်ရမှာပါပဲ…။ ကိုယ်နဲ့ သဘောထားခြင်း မတိုက်ဆိုင်တော့တဲ့အခါ…၊ အယူအဆခြင်း…၊ ယုံကြည်မှုခြင်း… မတူတော့တဲ့အခါ သူလည်း ကိုယ့်နားက ထွက်သွားနိုင်ပါတယ်။ ကိုယ်လည်း သူ့ကို စွန့်လွှတ်သင့် စွန့်လွှတ်လိုက်ရပါမယ်။

ကိုယ့်စိတ်နဲ့ မကိုက်တဲ့ သူတစ်ယောက်နဲ့ ဆက်ပြီး အပေါင်းအသင်းဖြစ်နေဖို့က စိတ်ထဲမှာ၊ ခေါင်းထဲမှာ Space ဆိုတဲ့ နေရာတစ်ခု ပေးထားရတယ်လေ…။

Mental Spacing လုပ်မယ်။ Mental Detox လုပ်မယ်ဆို လက်တွေ့ ဘဝထဲက မလိုအပ်တော့တဲ့ သူတွေကိုလည်း ဖယ်ထုတ်ပစ်နိုင်ရပါတယ်။ Physical Spacing ကို အရင်လုပ်ပစ်ရပါမယ်။

ဘဝကတိုတယ်။ လူတွေအများကြီး ဘေးနားမှာ လာဝိုင်းထိုင်နေတာထက် ကိုယ်နဲ့ Fit ဖြစ်တဲ့ သူငယ်ချင်းလေးတွေ နည်းနည်းပါးပါးလောက် ရှိနေရင် လုံလောက်ပြီ…။ ငယ်သူငယ်ချင်းတွေကတော့ ဒီလို တစ်သက်တာ Fit ဖြစ်တဲ့ အမျိုးအစားတွေထဲမှာ ပါတယ်လို့ ထင်မိပါတယ်…။ ကျွန်မ သူငယ်ချင်းတွေကတော့ ဒီထဲမှာ ပါတာသေချာတယ်…။ သူတို့ဟာ… ဘယ်လောက်ဟောင်းဟောင်း စုတ်စုတ် ကြာလေ ဝတ်လို့ကောင်းလေ…။ ပေါ့ပါး သက်သာ ချောင်ချိလေဆိုတဲ့ အင်္ကျီ အမျိုးအစားတွေထဲမှာ ပါတယ်…။

ဝတ်လို့ မရတော့တဲ့ အဝတ်အစားတွေကို ဆက်ပြီး သိမ်းထားနေတော့ရော ဘာအကျိုးရှိမှာလဲ။ လူတိုင်းက ချောင်ချောင်ချိချိ၊ ပေါ့ပေါ့ပါးပါး… ကိုယ်နဲ့လည်း လိုက်ဖက်ပြီး Fit ဖြစ်တဲ့ အဝတ်အစားမျိုးကို ဝတ်တော့မှ Comfortable ဖြစ်တယ်။ သက်သောင့်သက်သာ ရှိတယ်…။

ဒီအဝတ်အစားကြောင့် စိတ်အိုက်မနေရတော့ဘူး။ ဟန်ဆောင်ပီး ဗိုက်ကို ချပ်ထားစရာ မလိုဘူး…။ ဒီလိုနဲ့ပဲ ကျွန်မတို့ဟာ အင်္ကျီအဝတ်အစားအသစ်ကလေးကိုလည်း ထပ်ထပ်ပြီး ဝယ်ခဲ့မိကြပါတယ်။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း

Related Posts