ဘောလုံး

ဘောလုံး ကို ရှိနေသည့်အတိုင်း ကစားခြင်း (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၃)

Rule 13-1. General စည်းမျဉ်း ၁၃-၁ သတ်မှတ်ချက်
သတ်မှတ်ထားသော စည်းမျဉ်းမှလွဲ၍ ဘောလုံး ကို ရောက်ရှိသည့်နေရာတွင် တည်ရှိနေသော အနေအထားအတိုင်း အပ်စစ်လိုင်း ကစားရမည်။

Rule 13-2. Improving Lie, Area of Intended Stance or Swing, or Line of Play
စည်းမျဉ်း ၁၃-၂ ဘောလုံးအနေအထား ပိုကောင်းလာစေခြင်း၊ ရိုက်ရန် ရပ်ရမည့်နေရာ (သို့) ဆွင်းနှင့် ဘောလုံးသွားမည့် လမ်းကြောင်း ကောင်းမွန်လာစေခြင်း

ကစားသူသည် အောက်ဖော်ပြပါအချက်များနှင့် ပက်သက်၍ ဘောလုံး၏အနေအထား ကောင်းမွန်လာစေရန် မပြုလုပ်ရပါ (သို့မဟုတ်) ပြုလုပ်ခြင်းကို ခွင့်မပြုရပါ။

* ဘောလုံး တည်ရှိနေသော အနေအထားနှင့် နေရာကောင်းမွန်လာစေရန်၊
* ဘောလုံး ကို ရိုက်ရန် ရပ်မည့်နေရာနှင့် ဆွင်းလမ်းကြောင်းကိုကောင်းမွန်လာစေရန် ပြုပြင်ခြင်း၊
* ဘောလုံး သွားမည့်လမ်းကြောင်းနှင့် ကျင်းအလွန် ဘောလုံးရောက်နိုင်သည့်နေရာ ကောင်းမွန်လာစေရန်၊
* ဘောလုံး ကို ဒရော့ (သို့မဟုတ်) ချထားရမည့်နေရာကို ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ခြင်း၊
* တုတ်ခေါင်းဖြင့် ဘောလုံးနောက်အားဖိ၍ အနေအထားကောင်းမွန်လာစေရန် ပြုပြင်ခြင်း၊
* ပေါက်နေသောအပင်များနုတ်ခြင်း (သို့မဟုတ်) အသေချထားသော ပစ္စည်းများကို ရွှေ့ခြင်း၊ ချိုးဖြတ်ခြင်း၊ (အိုဘီတိုင်၊ စည်းရိုးနှင့်ပြောင်းမရွှေ့ရသော ပစ္စည်းများအပါအဝင်)
* မြေပြင်တွင် ရှိသော မကောင်းသည့်နေရာများကို ပြုပြင်ခြင်း၊
* သဲနှင့်မြေကြီးများကို ဖယ်ခြင်း၊ ဖိခြင်း၊ ချိုင့် (သို့မဟုတ်) တုတ်ရာနှင့် မြက်ဖတ်များကို ပြုပြင်ခြင်း၊

* နှင်းစက်၊ နှင်းခဲနှင့် ရေများကို ဖယ်ရှားခြင်း၊

သို့သော်ကစားသူသည် အောက်ပါအချက်များကို ပြုလုပ်နိုင်သည်။
* ဘောလုံးကိုရိုက်ရန်အတွက် ဘောလုံးအနီးတွင် တုတ်ခေါင်းကို ဖြည်းညှင်းစွာချခြင်း၊
* ဘောလုံးကိုရိုက်ရန်အတွက် သာလွန်သော အခွင့်အရေးမဖြစ်စေရန် လိုအပ်သလောက်သာ စတန့်ယူခြင်း၊
* ဘောလုံးကိုရိုက်ရန်အတွက် တုတ်ကို နောက်သို့လွှဲသောအခါ ဆွင်းနှင့်မလွတ်သော သစ်ကိုင်းသစ်ရွက်နှင့် အပင်များအား ထိမိပြီးပြတ်ခြင်း၊ ကျိုးခြင်းဖြစ်သော်လည်း ဆွင်းကိုမရပ်ဘဲ ဘောလုံးကို ရိုက်ခဲ့လျှင်၊
* တီခုံဧရိယာမျက်နှာအား ပြင်ပြုပြင်ခြင်းနှင့် နှင်းစက်၊ နှင်းခဲနှင့် ရေများအား ဖယ်ရှားခြင်း၊
* ဂရင်းပေါ်ရှိ သဲနှင့်မြေကြီးကို ဖယ်ရှားခြင်းနှင့် ဘောလုံးရာ၊ ကျင်းဟောင်းရာများကို ပြုပြင်ခြင်း။

Rule 13-3. Bulding Stance စည်းမျဉ်း ၁၃-၃ ရိုက်ရန်အတွက် ရပ်မည့်နေရာကို ပြုပြင်ခြင်း
ကစားသူသည် ဘောလုံးကိုရိုက်ရန်အတွက် ခြေထောက်များကို ခိုင်မြဲစွာ ချနိုင်သည်။ သို့သော် ရပ်မည့်နေရာကို ပြုပြင်ခြင်း မပြုလုပ်ရပါ။

Rule 13-4. Ball in Hazard; Prohibited Actions
စည်းမျဉ်း ၁၃-၄ ဟဲဇတ်အတွင်းတွင် ဘောလုံး ရှိနေပါက မပြုလုပ်ရသောအချက်များ

စည်းမျဉ်းကခွင့်ပြုသည့် လုပ်ကိုင်နိုင်သော အခြေအနေမှလွဲ၍ ဝါတာဟဲဇတ် (သို့မဟုတ်) ဘန်ကာအတွင်း ဘောလုံးရှိနေလျှင်၊ ဘောလုံးကို စည်းမျဉ်းအရ ဟဲဇတ်အတွင်းမှ ကောက်ယူထားသော်လည်း ပြန်လည်၍ ဟဲဇတ်အတွင်း ဒရော့ (သို့မဟုတ်) ပြန်ချထားရန် ရှိပါက အောက်ပါအချက်များ မပြုလုပ်ရပါ။
a. ဟဲဇတ်၏အနေအထားကို စမ်းသပ်ခြင်း (သို့မဟုတ်) အနေအထားတူညီသော အခြားဟဲဇတ်အား စမ်းသပ်ခြင်း။
b. ဟဲဇတ်အတွင်းရှိ မျက်နှာပြင်နှင့် ဝါတာဟဲဇတ်အတွင်းရှိရေကို ဂေါက်တုတ် (သို့) လက်ဖြင့်ထိခြင်း။
c. ဟဲဇတ်အတွင်းရှိ လုစ်အင်ပက်ဒိမန့် သဘာဝဖြစ်ပစ္စည်းများကို ထိခြင်း (သို့မဟုတ်) ဖယ်ခြင်း။

Expection: ခြွင်းချက် –
1. အောက်ဖော်ပြပါ အချက်များကြောင့် ဟဲဇတ်၏မျက်နှာပြင်အား ထိမိသော်လည်း စမ်းသပ်ခြင်း (သို့မဟုတ်) ဘောလုံးအနေအထား ပိုမိုကောင်းမွန်လာခြင်း မဖြစ်လျှင် ပြစ်ဒဏ်မရှိပါ။ (a) လူလဲမကျစေရန် ဟဲဇတ်အတွင်းရှိ မြေပြင်၊ လုစ်အင်ပက်ဒိမန့်နှင့် ရေကို ဂေါက်တုတ် (သို့) လက်ဖြင့်ထိမိလျှင် (သို့) စည်းမျဉ်းအရ ဟဲဇတ်အတွင်း ဖယ်ရှားခွင့်သော အော့စရပ်ရှင်းကို ဖယ်ရှားစဉ်၊ ဘောလုံးအကွာအဝေးတိုင်းတာစဉ် ဆယ်ယူစဉ်၊ မှတ်စဉ်၊ ကောက်ယူစဉ်နှင့် ပြန်ထားစဉ် ရွေ့သွားလျှင်၊ ထိမိလျှင် ပြစ်ဒဏ်မရှိပါ။ (b) ဟဲဇတ်အတွင်း ဂေါက်တုတ်များချထားစဉ်အတွင်း ဟဲဇတ်မျက်နှာပြင်ကို ထိမိလျှင် ပြစ်ဒဏ်မရှိပါ။

2. ဟဲဇတ်အတွင်း ဘောလုံးရှိနေသော်လည်း အချိန်မရွေးကစားသူသည် ဟဲဇတ်အတွင်းရှိ သဲ (သို့မဟုတ်) မြေကြီးအား သပ်ရပ်ကောင်းမွန်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ပြုပြင်နိုင်သည်။ သို့သော် ပြုပြင်ခြင်းသည် ဟဲဇတ်အတွင်းရှိ ဘောလုံးကိုရိုက်မည့် နောက်ရိုက်ချက်အတွက် ကောင်းမွန်လာခြင်း မဖြစ်စေဘဲ စည်းမျဉ်း 13-2 နှင့် ငြိစွန်းခြင်းမရှိစေရပါ။ ဟဲဇတ်အတွင်းမှ ရိုက်လိုက်သော ဘောလုံးသည် ဟဲဇတ် အပြင်သို့ရောက်သွားပါက ဟဲဇတ်အတွင်း သဲ (သို့မဟုတ်) မြေကြီးကို ခြွင်းချက်မရှိ ပြုပြင်နိုင်သည်။

3. ကစားသူ ဟဲဇတ်အတွင်းမှ ရိုက်ထုတ်လိုက်သော ဘောလုံးသည် အခြားဟဲဇတ်အတွင်း ရောက်ရှိသွားပါက နောက်ဆုံးရိုက်ခဲ့သော ဟဲဇတ်အတွင်းတွင် ရိုက်ပြီးနောက် ပြုပြင်ခြင်းများနှင့် ပက်သက်၍ စည်းမျဉ်း 13-4a နှင့် ငြိစွန်းခြင်း၊ တားမြစ်ခြင်း မရှိပါ။
Note မှတ်ချက် – မည်သည့်အချိန်တွင်မဆို ကစားသူ၏ ဘောလုံးသည် ဟဲဇတ်အတွင်း ရှိနေစဉ် ရိုက်ရန်အတွက် တုတ်ခေါင်းကိုချစဉ်နှင့် နောက်သို့ဆွဲစဉ် ဂေါက်တုတ်သည် အော့စရပ်ရှင်၊ ဂေါက်ကွင်း၏ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားသော အရာများ၊ ဟဲဇတ်အတွင်း ပေါက်နေသော မြက်ပင်နှင့် အခြားအပင်များအား ထိမိလျှင် ပြစ်ဒဏ်မရှိပါ။

ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 13
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး                  အချက်ရေကစားခြင်း – ၂ ချက်

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts