ဘောလုံး

ဘောလုံး ကိုရိုက်ခြင်း။ (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၄)

Rule 14-1. General စည်းမျဉ်း ၁၄-၁ သတ်မှတ်ချက်
a.    Fairly Striking the Ball ဘောလုံးကိုပုံမှန်ရိုက်ခြင်း
ဘောလုံး ကို ဂေါက်တုတ်ခေါင်းဖြင့်ရိုက်ရမည်။ တုတ်ခေါင်းဖြင့်တွန်းထုတ်ခြင်း၊ ပွတ်ဆွဲခြင်း နှင့် ဂေါ်ထုတ်ခြင်း မပြုလုပ်ရပါ။

b.    Anchoring the Club တည်ချက်အမှတ်လုပ်၍ရိုက်ခြင်း
ကစားသူသည် ဘောလုံးကိုရိုက်စဉ် ဂေါက်တံကိုတည်ငြိမ်စေရန် တိုက်ရိုက် (သို့) တည်ချက်အမှတ်လုပ်၍ ရိုက်ခြင်းမပြုလုပ်ရ။

Note 1    မှတ်ချက် ၁ – ဂေါက်တံကို တည်ငြိမ်အောင် တိုက်ရိုက်လုပ်ခြင်းဆိုသည်မှာ – ဂေါက်တံကို (သို့) ဂေါက်တံကိုင်ထားသောလက်ကို ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုနှင့် ထိအောင်လုပ်၍ ရိုက်ခြင်းဖြစ်သည်။ သို့သော် ဂေါက်တံထိန်းခြင်းကို လက်ဖဝါး (သို့) လက်ဖျံ (တံတောင်ဆစ်အောက်ပိုင်းနေရာ) ကိုထိ၍ရိုက်နိူင်သည်။

Note 2    မှတ်ချက် ၂ – တည်ချက်အမှတ်လုပ်၍ ရိုက်ခြင်းဆိုသည်မှာ- ဂေါက်တံကိုင်ထားသောလက်၏ လက်ဖျံကို ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခုနှင့် ထိအောင်လုပ်ခြင်းအားဖြင့် ဂေါက်တံကိုတည်ငြိမ်သော တည်ချက်အမှတ် တစ်ခုဖြစ်စေပြီး အခြားလက်တစ်ဖက်ဖြင့် လွဲ၍ရိုက်ခြင်းဖြစ်သည်။

Rule 14-2. Assistance စည်းမျဉ်း ၁၄-၂ အကူအညီ
a.    Physical Assistance and Protection from Elements အကူအညီယူခြင်း နှင့် အကာအကွယ်ယူခြင်း။

ဘောလုံး ကို ရိုက်စဉ်အတွင်း အခြားသူတစ်ဦး၏ အကူအညီများကိုယူခြင်း (သို့မဟုတ်) တစ်စုံတစ်ခုဖြင့် အကာအကွယ်ယူခြင်း မပြုလုပ်ရပါ။

b.    Positioning of Caddie or Partner behind Ball ဘောလုံး၏နောက်ကွယ်ကယ်ဒီ (သို့မဟုတ်) ပါတနာအားရပ်နေစေခြင်း။

မိမိ၏ကယ်ဒီ၊ ကစားဖော်ပါတနာ (သို့) ကစားဖော်ကယ်ဒီသည် ရိုက်မည့်ဘောလုံး၏နောက် အနီးဝန်းကျင်တွင်နေ၍ ဘောလုံးလမ်းကြောင်းကိုညွှန်ပြစေခြင်း၊ ရပ်နေခြင်းကို ဘောလုံးကိုရိုက်စဉ်အတွင်း ခွင့်မပြုပါ။ ဘောလုံးမရိုက်မီ ပတ်တင်လိုင်းနှင့် ဘောလုံးသွားမည့်လမ်းကြောင်းကိုကြည့်၍ အကြံဉာဏ်ရယူနိူင်သည်။
Exception ခြွင်းချက် – မိမိ၏ကယ်ဒီ၊ ကစားဖော်ပါတနာ (သို့) ကစားဖော်၏ကယ်ဒီသည် ရိုက်မည့်
ဘောလုံး ၏နောက် အနီးဝန်းကျင်တွင် အကူအညီပေးရန်မဟုတ်ဘဲ မတော်တဆရပ်နေမိလျှင် ပြစ်ဒဏ်မရှိပါ။
 

ပြစ်ဒဏ်သတ်မှတ်ချက်စည်းမျဉ်း 14-1 နှင့် 14-2
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး            အချက်ရေကစားခြင်း – ၂ချက်

Rule 14-3. Artificial Devices, Unusual equipment; Abnormal Use of Equipment
စည်းမျဉ်း ၁၄-၃ အထောက်အကူကိရိယာ၊ ပုံမှန်မသုံးသောပစ္စည်းနှင့် ထိုပစ္စည်းကိရိယာများကို အသုံးပြုခြင်း။

ဤစည်းမျဉ်းသည် ဂေါက်သီးကစားရာတွင် ရိုက်ချက် (သို့) ကစားစဉ်အတွင်း အထောက်အကူဖြစ်စေနိူင်သော အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများ (လျှပ်စစ်ကိရိယာများအပါအဝင်) အသုံးပြုခြင်းနှင့် ပတ်သတ်၍
ပြဌာန်းထားသည်။

ဂေါက်ကစားခြင်းသည် စိန်ခေါ်မှုများသော အားကစားနည်းဖြစ်သည့်အညီ မတူညီသော ကွင်းအခြေအနေများတွင် ကစားသူ၏ဆုံးဖြတ်ချက်၊ ကျွမ်းကျင်မှု နှင့် စွမ်းရည်များပေါ်တွင်မူတည်၍ ကစားရခြင်းဖြစ်သည်။ ဤအခြေအနေများနှင့် ကိုက်ညီအောင် R&A သည် ဂေါက်ကစားစဉ်အသုံးပြုသော ပစ္စည်းကိရိယာစည်းမျဉ်း 14-3 ကို ဖောက်ဖျက်ခြင်း
ဖြစ် မဖြစ် ဆုံးဖြတ်ပေးခြင်းဖြစ်သည်။

အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများ၏ သတ်မှတ်ထားသည့်ဒီဇိုင်း၊ အရွယ်အစား၊ အတိုင်းအတာများနှင့် အကြံဉာဏ်တောင်းခံခြင်း၊ တင်ပြခြင်းများကို စာအုပ်၏ နောက်ဆက်တွဲအခန်း၄ တွင် အသေးစိတ်ဖော်ပြထားသည်။

စည်းမျဉ်းကခွင့်ပြုခြင်းမှအပ ၁၈ ကျင်းတပတ် ကစားနေစဉ်အတွင်း စက်ကိရိယာ၊ ပုံမှန်သုံးလေ့မရှိသောပစ္စည်းနှင့် မလိုအပ်သည့်ကိရိယာများကို အသုံးပြုခြင်းကိုခွင့်မပြုပါ။ ၎င်းတို့မှာ
(a)    ရိုက်ချက် (သို့) ကစားစဉ်အတွင်း အထောက်အကူဖြစ်စေသောပစ္စည်းများ၊
(b)    အကွာအဝေးတိုင်းတာပစ္စည်းများနှင့် ကစားခြင်းကိုအထောက်အကူဖြစ်စေသောကိရိယာများ၊
(c)    အောက်ဖော်ပြပါပစ္စည်းများမှလွဲ၍ ဂေါက်တုတ်ကိုကိုင်ရာတွင် အထောက်အကူဖြစ်စေရန် အသုံးမပြုရပါ။
(i)    လက်အိတ်၊
(ii)    ပေါင်ဒါမှုန့်၊ ရေငွေ့ နှင့် အစိုဓာတ်ကိုခြောက်သွေ့စေရန် အသုံးပြုသောပစ္စည်း၊
(iii)    မျက်နှာသုတ်ပုဝါ (သို့) လက်ကိုင်ပဝါကိုတုတ်လက်ကိုင်တွင်ပတ်၍ အသုံးပြုနိူင်သည်။
Exception: ခြွင်းချက်
1.    ကစားသူသည်အောက်ဖော်ပြပါအခြေအနေတွင်အသုံးပြုပါက ပြစ်ဒဏ်မရှိပါ။ (a) ကျန်းမာရေး လိုအပ်ချက်အရ အသုံးပြုနေသော ပစ္စည်းကိရိယာများ၊ (b) ဆေးကုသမှုအတွက် အသုံးပြုနေသော ပစ္စည်းကိရိယာများ၊ (c) ထိုပစ္စည်းကိရိယာများ အသုံးပြုခြင်းဖြင့် ဂေါက်သီးကစားရာတွင် အခြားပြိုင်ဘက်များအပေါ် အခွင့်အရေး ဖြစ်စေခြင်းမရှိဟု ကော်မတီကသတ်မှတ်လျှင် အသုံးပြုခွင့်ရှိသည်။

2.    ထုံထမ်းစဉ်လာအရ လက်ခံထားသော ပစ္စည်းကိုအသုံးပြုခြင်း။
 

စည်းမျဉ်း 14-3 ကို ဖောက်ဖျက်ပါက ပြစ်ဒဏ်သတ်မှတ်ချက်-
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး၊            အချက်ရေကစားခြင်း – ၂ချက်
ထပ်၍အသုံးပြုခဲ့လျှင် DQ ဖြစ်သည်။

 

Note မှတ်ချက် – အကွာအဝေးတိုင်းကိရိယာများကို အသုံးပြုနိူင်ကြောင်း ကော်မတီက ဒေသန္တရစည်းမျဉ်းတွင် ခွင့်ပြုနိူင်သည်။

Rule 14-4. Striking the Ball More Than Once စည်းမျဉ်း ၁၄-၄ ဘောလုံးကိုရိုက်စဉ်တွင် တစ်ကြိမ်ထက်ပို၍ ထိမိခြင်း။
ဘောလုံးကိုရိုက်စဉ်တွင် တစ်ကြိမ်ထက်ပို၍ ဘောလုံးအားထိမိပါက ရိုက်ချက်တစ်ချက်အပြင် ပြစ်ဒဏ်တစ်ချက် ပေးရသည်။ စုစုပေါင်း ၂ချက် ရိုက်သည်ဟုသတ်မှတ်သည်။

Rule 14-5. Playing Moving Ball စည်းမျဉ်း ၁၄-၅ ရွေ့လျားနေသောဘောလုံးကိုရိုက်ခြင်း။
ကစားသူသည် ဘောလုံးရွေ့လျားနေစဉ် ထိုဘောလုံးကိုမရိုက်ရပါ။ သို့သော် အောက်ဖော်ပြပါ အခြေအနေများတွင် ခြွင်းချက်အနေဖြင့် ရိုက်နိူင်သည်။
*    ဘောလုံးကိုရိုက်ရန်အတွက် တီခုံတွင်တီတည်ထားစဉ် ပြုတ်ကျသောအခါ စည်းမျဉ်း 11-3

*    ဘောလုံးကိုရိုက်စဉ်တွင် တစ်ကြိမ်ထက်ပို၍ ရိုက်မိခြင်း စည်းမျဉ်း 14-4

*    ရေထဲတွင် ရွေ့လျားနေသော ဘောလုံးစည်းမျဉ်း 14-6

ဘောလုံးကိုရိုက်ရန်အတွက် ဂေါက်တံကိုနောက်သို့ဆွဲစဉ်နှင့် ရှေ့သို့ရိုက်ချလိုက်သောအချိန်အတွင်း ဘောလုံးရွေ့လျားသွားစဉ် ရိုက်လိုက်ပါက ထိုရိုက်ချက်အတွက် ယခုစည်းမျဉ်းနှင့် ပြစ်ဒဏ်မရှိပါ။ သို့သော် ကစားသူကြောင့် ဘောလုံးရွေ့လျားခြင်းဖြစ်ပါက စည်းမျဉ်း 18-2 အတိုင်း ပြစ်ဒဏ်ပေးရမည်။

ကစားသူ၊ ကစားဖော်ပါတနာ (သို့မဟုတ်) ၎င်းတို့ကယ်ဒီသည် ရွေ့လျားနေသော (ဘောလုံးကိုကြံရွယ်၍ ရပ်အောင်၊ တိုက်မိအောင်ပြုလုပ်ခြင်းအတွက် စည်းမျဉ်း 1-2 ကိုဖတ်ရှုရန်)။

Rule 14-6. Ball Moving in Water စည်းမျဉ်း ၁၄-၆ ရေထဲတွင်ရွေ့နေသောဘောလုံး။
ဝါတာဟဲဇတ်အတွင်းရှိရေထဲတွင် ရွေ့လျားနေသောဘောလုံးကို ရိုက်ခွင့်ရှိပါသည်။ ရေထဲတွင် ရွေ့လျားနေသော ဘောလုံးကို ရိုက်ရန်အတွက် ရေ (သို့) လေတိုက်ခြင်းကြောင့် ဘောလုံး၏ အနေအထားပိုမိုကောင်းလာစေရန် စောင့်၍ မရိုက်ရပါ။ သို့မဟုတ် ဘောလုံးကိုကောက်ယူ၍ ဝါတာဟဲဇတ်စည်းမျဉ်း 26 အရ ကစားနိူင်သည်။
ပြစ်ဒဏ်သတ်မှတ်ချက် စည်းမျဉ်း 14-5 နှင့် စည်းမျဉ်း 14-6
ကျင်းပြတ်ကစားခြင်း – ကျင်းရှုံး            အချက်ရေကစားခြင်း – ၂ချက်

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts