ဘဝနေနည်း

ဘဝနေနည်း နည်းလမ်း( ၁၀ )မျိုး

( ၁ ) ဘယ်တော့မှ ပိုက်ဆံမချေးပါနဲ့။

ဘဝနေနည်းနဲ့ ပတ်သတ်ပြီး ဆောင်ပုဒ်လေးတစ်ခုရှိတယ် ။

တောင်းမှပေးတာ လူမိုက်
မတောင်းဘဲပေးတာ လူလိမ္မာ
တောင်းလည်းမပေးတာ လူယုတ်မာ

ဒါ့ကြောင့် ပြင်ပဘေးသူစိမ်းတွေနဲ့ မယုံကြည်ရတဲ့သူတွေကို တက်နိူင်သမျှ ပိုက်ဆံမချေးပါနှင့်။ ငွေကြေးဥစ္စာဟာ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ချေးငှားကြသူတိုင်းဟာ ပြန်ပြီး လိုချင်ကြစမြဲပါ။ ပြန်မဆပ်ခဲ့ဘူးဆိုရင် ရင်ထဲမှာ အစိုင်အခဲလေး တည်နေတတ်ပါတယ်။ ကိုယ် တကယ်ချစ်တဲ့ သူတွေအတွက်ဆိုရင် ရက်ရက်ရောရောသာ ပေးကမ်းကူညီပေးလိုက်ပါ ။

( ၂ ) လိုအပ်လျှင်အဆင်သင့် ဖြစ်အောင်ပိုက်ဆံပုံမှန်စုပါ။

ကျွန်တော်တို့ဟာ ဘယ်အချိန်မှာ ဆင်းရဲဒုက္ခတွေကြုံမလဲ၊ ဘယ်အချိန်မှာ အနာတရဖြစ်မလဲဆိုတာ ကြိုပြီးမသိနိုင်ပါဘူး။ ဒီလို အနေအထားမျိုးတွေ တကယ်ဖြစ်လာခဲ့ရင် အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းဖို့ပိုက်ဆံစုပါ ။

( ၃ ) ကိုယ့်ဘ၀အတွက် မလိုအပ်တဲ့သူတွေအတွက် အချိန်ကုန်မခံပါနဲ့။

ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးသူတွေ လိုအပ်မှ ကိုယ့်ကို တမ်းတမ်းတတ ဖြစ်တတ်ကြသူတွေအတွက် လုံး၀ အချိန်ကုန်မခံပါနဲ့။ တစ်ချို့တွေတော့ ရှိတယ် “ငါက သူ့အတွက် အမြဲတမ်းပေးဆပ်ဖို့ အဆင့်ပဲ” တဲ့။ ဒါဟာ သေချာတွေးကြည့်ရင် စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့ အတွေးမျိုးပါ၊ ချီးကျူးထိုက်ဖို့ နေနေသာသာ လုံး၀ ဂုဏ်ယူစရာမကောင်းတဲ့ လုပ်ရပ်မျိုးပါပဲ။ ကိုယ့်ကို မလိုအပ်တဲ့သူအတွက် အပင်ပန်းခံနေမဲ့အစား ပရဟိတလုပ်ငန်းတွေမှာ အချိန်ကုန်ခံလိုက်ပါ ။

( ၄ ) ကိုယ့်အပေါ် မကောင်းတဲ့ သူတွေကို ပြတ်ပြတ်သားသား ဆက်ဆံတတ်ပါစေ။

ကိုယ်ကကောင်းသလောက် ကိုယ့်အပေါ် မကြာခဏ လူလည်ကျတတ်သူတွေကို တလေးတစား ဆက်ဆံနေဖို့ လုံး၀ မလိုအပ်ပါဘူး။ ဒီလိုလူမျိုးတွေဟာ သူတို့ အနိုင်ယူဖူးတဲ့သူအပေါ် နောက်တစ်ကြိမ် ယုတ်မာဖို့ ဘယ်တော့မှ ၀န်လေးနေမှာ မဟုတ်ပါဘူး။ သူကပြုံးရင် ကိုယ်က ပြန်ပြုံးပြလိုက်ပါ။ သူကမဲ့ရင် ကိုယ်က ပြန်မဲ့ပြလိုက်ပါ။ သူကမီးလိုကျင့်ရင် ကိုယ်က မီးလိုပူလောင်ပြလိုက်ပါ။ သူကရေလိုကျင့်ရင် ကိုယ်က ရေလိုအေးချမ်းပြလိုက်ပါ။

( ၅ ) စိတ်တူကိုယ်တူ အသိမိတ်ဆွေများနှင့် စကားများများပြောပါ။

သင့်ကို လေးစားတဲ့သူ၊ သင်ကလည်း လေးစားတဲ့သူများနှင့် မကြာခဏ စကားပြောပါ။ ဒီလို စကားပြောခြင်းဖြင့် စိတ်ချမ်းသာမှုကိုရစေပြီး အချိန်ကုန်မှန်းမသိ ကုန်နေတာကို သတိမထားမိအောင် ကြည်နူးစရာကောင်းနေပါလိမ့်မယ်။ နောက်ပြီး ကိုယ့်ရဲ့ရည်မှန်းချက်၊ လက်ရှိအခြေအနေ၊ အနာဂတ်အလားအလာ စတာတွေအတွက် သင်နဲ့ စိတ်သဘောထားချင်း တိုက်ဆိုက်သူများကသာ အကြံဉာဏ်ကောင်းတွေ ပေးနိူင်ပါလိမ့်မယ်။ ဆိုလိုတာက သင်က ဘာသာရေးသမားဆိုရင် အရက်သမားတွေနဲ့ စကားပြောလို့အဆင်ပြေမှာမဟုတ်ပါဘူး။

( ၆ ) ခရီးတွေ မကြာခဏထွက်ပါ။

တိုတောင်းလှတဲ့ဘ၀မှာ အတွေ့အကြုံသစ်တွေကို ခံစားဖို့နဲ့ အထွေထွေဗဟုသုတ (General Knowledge) မြင့်မားစေဖို့ မကြာခဏ ခရီးထွက်သင့်ပါတယ်။ ခရီးသွားခြင်းဟာ အကောင်းဆုံး စိတ်အပန်းဖြေမှုတစ်မျိုးဆိုတာ သင် လက်ခံလာပါလိမ့်မယ်။ ရေမြေတောတောင် သဘာ၀အလှတွေကို ရှုစားရခြင်းဟာလည်း စိတ်ချမ်းသာမှု တစ်မျိုးပါပဲ။ ခရီးထွက်ခြင်းအားဖြင့် သင့်ဆီမှာရှိနေတဲ့ pressure တွေကိုလည်း အတော်အသင့် လျော့နည်းစေမှာဖြစ်ပါတယ်။

( ၇ ) ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါ။

ကျွန်တော် စာတစ်ကြောင်း ဖတ်ဖူးခဲ့တယ် ။ If you don’t like where you are, move. You are not a tree. မင်းနေတဲ့နေရာကို မကြိုက်ရင် ပြောင်းလိုက်။ မင်းက သစ်ပင်တစ်ပင် မဟုတ်ဘူး။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ဟာ လူတွေပါ။ ရွေ့လျားလို့မရတဲ့ သစ်ပင်တွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် ခဏတာရခဲလှတဲ့ ဒီဘဝလေးမှာ ကိုယ်သဘောမကျတဲ့ အလုပ်ကိုလုပ်ရင်း စိတ်ညစ်ညူးမခံပါနှင့်။

( ၈ ) တစ်ဖက်လူဘက်မှ ဖြည့်တွေးပေးပါ၊ ကိုယ်ချင်းစာစိတ်ထားပါ။

ပြဿနာတစ်ခုကို ကိုယ်မြင်တဲ့ဘက်ကလည်း မှန်နိူင်သလို သူမြင်တဲ့ဘက်ကလည်း မှန်နေနိူင်ပါတယ်။ သဘောထားကွဲလွဲတာဟာ အဓိကပြဿနာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ဖက်လူအမြင်ကိုလည်း လေးစားတတ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ သူ့နေရာမှာ ငါသာဆိုရင် ဘယ်လိုနေမလဲ ဆိုတဲ့အတွေးမျိုးကို တွေးတတ်ဖို့ အမြဲတမ်းသင်ယူထားပါ။ သူ့ဘက်က ကြည့်တော့ လက်ဖဝါး၊ ငါ့ဘက်က ကြည့်တော့ လက်ဖမိုးဆိုသလို အမှန်တရားတစ်ခုဟာ အမြင်အမျိုးမျိုး ရှိနေတတ်ပါတယ်။

( ၉ ) စာများများဖတ်ပေးပါ။

ဦးသန့်ရဲ့ စကားလေးနဲ့ပဲ ပြောပါရစေ ။
“စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်သည်” တဲ့ ၊ သိပ်ကို မှန်ပါတယ်။ သင်သာ စာဖတ်ခြင်းမှာ စျန်၀င်နေရင် အခြားကမ္ဘာတစ်ခုကို ရောက်ရှိသွားသလို ခံစားမိမှာ မလွဲဧကန်ပါပဲ။ ကျွန်တော်တို့ရဲ့ဘဝတွေ တိုးတက်မြင့်မားစေဖို့ အသိဉာဏ်ပညာတွေ တိုးပွားစေဖို့ အတွက် စာဖတ်ခြင်းဟာ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ ။

( ၁၀ ) တစ်စုံတစ်ရာကို အမြဲတမ်းသင်ယူပါ။

ဥရောပနိုင်ငံတွေမှာဆိုရင် အသက်၈၀အရွယ် အဘိုးအဘွားတွေဟာ ဘာသာစကား အသစ်တွေကအစ အသိပညာ။ အတတ်ပညာတွေ သင်ယူလေ့လာနေတုန်းပါပဲ။ တစ်စုံတစ်ရာကို အမြဲတမ်း သင်ယူနေတတ်တာဟာ သူတို့ရဲ့ ဓလေ့တစ်ခုလိုဖြစ်နေပါပြီ။ ဒါကြောင့် တစ်စုံတစ်ခုကို စိတ်ပါလက်ပါ သင်ယူပါ ။ အတတ်ပညာ တစ်မျိုးမျိုးကို ထူးချွန်အောင် လေ့လာပါ။ ကာယနဲ့လုပ်တဲ့ အလုပ်ဟာ အသက်ငယ်တုန်းမှာပဲ အကျိုးပြုပါတယ်၊ အသက်တွေကြီးလာခဲ့ရင် ဉာဏနဲ့လုပ်တဲ့ အလုပ်ကသာ ကိုယ့်အတွက် အဆင်ပြေသက်သာစေမှာပါ။

အတွေးအခေါ် စာစုလေးများမှ ကောက်နှုတ်ထားပါသည်၊

OpenYourBusinessOnline

အတွေးအခေါ်

Related Posts