နေရာမှန်ကို ရွေးချယ်ပါ

နေရာမှန်ကို ရွေးချယ်ပါ

စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ဖို့ အထူးသဖြင့် ဆိုင်တစ်ခု ဖွင့်ဖို့ မှန်ကန်တဲ့နေရာမှန်ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ရတဲ့နေရာ၊ အဆင်ပြေတဲ့နေရာမှာ ဖွင့်မယ်လို့ လွယ်လွယ် မဆုံးဖြတ်သင့်ပါဘူး။ မှန်ကန်တဲ့ နေရာကို အချိန်ယူပြီး စဉ်းစားရွေးချယ်သင့်ပါတယ်။ ဆိုင်တစ်ခုဖွင့်တာ တစ်လနောက်ကျသွားပေမဲ့လည်း မှန်ကန်တဲ့နေရာမှာ ဖွင့်နိုင်ရင် မှားတဲ့နေရာ၊ မသင့်တော်တဲ့နေရာမှာ စောဖွင့်နိုင်တာထက် အများကြီး အကျိုးရှိပါတယ်။

အသိပညာကို အခြေခံတဲ့ ဆုံးဖြတ်ချက်က ဂဏန်းတွေကို အခြေခံတဲ့ ဆုံးဖြတ်ချက်ထက် မှန်ပါတယ်။
Plato

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts