မှန်ကန်သော

မှန်ကန်သော အတွေး၊ အပြော၊ အပြုအမူ

မှန်ကန်သော အတွေး၊ အပြော၊ အပြုအမူ

အပြောအဆိုကောင်းတယ် အကျိုးရှိတဲ့စကားကို ပြောတတ်တယ်ဆိုတဲ့သူက ပြဿနာမရှိအောင် ပြောတတ်တယ်။ ပြဿနာရှိရင်လည်း ပြဿနာနည်းအောင် လုပ်တတ်တယ်။

မင်္ဂလသုတ်တော်ကို ခြုံငုံသုံးသပ်ခြင်း

ဒုက္ခကို . . . ဒုက္ခနည်းအောင် လုပ်တတ်တဲ့ပုဂ္ဂိုလ်
ပြဿနာ အကြီးကြီးကို . . . ပြဿနာ သေးအောင် လုပ်နိုင်တဲ့ ပုဂ္ဂိုလ်
ပြဿနာ သေးတာကို . . . ပျောက်အောင် ဖြေရှင်းနိုင်တဲ့ပုဂ္ဂိုလ် အဲဒီပုဂ္ဂိုလ်ကိုမှ ပညာရှိလို့ခေါ်တယ်။

၂.၁.၂၀၁၈/ ရန်ကုန်

အဝတ်အစားဝတ်တဲ့အခါမှာ . . . ကိုယ့်အတွက် ဝတ်တာ မဟုတ်ဘဲနဲ့ အပြင်သွားခါနီးမှာ ဘယ်သူအထင်ကြီးအောင် ဝတ်လိုက်မယ် အထင်မသေးအောင် ဝတ်လိုက်မယ်ဆိုရင် အဲ့ဒါ ကြောက်စိတ်နဲ့ ဝတ်တာ။ သူများအတွက် ဝတ်တာ . . .
အဲ့တော့ အဝတ်အစား ရွေးတိုင်း ရွေးတိုင်း မနက်တိုင်း မနက်တိုင်း ခလုတ်မတိုက်မိအောင် သတိထားရမယ်။

ဒုက္ခသစ္စာ ခလုတ်တိုက်မိတယ်/ ၁၁.၁.၂၀၁၈/ ဇမ္ဗူသီရိဗိမာန်တော် ရန်ကုန်

ကိုယ့်ကို မကောင်းပြောတဲ့လူ၊ ကိုယ့်ကို မကြိုက်တဲ့လူ အဲ့ဒီလူရဲ့ ကောင်းကွက် တစ်ချက် နှစ်ချက်လောက် မြင်အောင်ကြည့်နိုင်ပြီဆိုရင် စိတ်ထဲမှာ ဒုက္ခတွေ အများကြီး လျော့သွားမယ်။

၄.၉.၂၀၁၉/ OBV Park Farm UK

ကိုယ့်အတွက် တစ်ခုခုလုပ်ဖို့ စဉ်းစားတဲ့အခါမှာ သူများအတွက်ပါ တွေးပေးပါ။

၂၆.၁.၂၀၁၈/ ရေနံချောင်းမြို့

လူ့လောကကြီးထဲမှာ တစ်ယောက်တည်းနေလို့ မရဘူး။ အတူတူနေထိုင်ကြရတာ။ အချင်းချင်း ဆိုးတူကောင်းဖက် ရှိတယ်။ ကိုယ်က အဲဒီ အသိဉာဏ် ရှိရှိ မရှိရှိ ကိုယ့်ရဲ့အပြုအမူက ကောင်းကောင်းဆိုးဆိုး အများအပေါ်မှာ သက်ရောက်မှုရှိတယ်။

၁.၂.၂၀၁၉/ တာမွေ ရန်ကုန်

သူများကို သနားတယ်၊ ကရုဏာဖြစ်တယ် ဆိုတာက နိမ့်ကျတဲ့စိတ်နဲ့ မဖြစ်နိုင်ဘူး။ သူများရဲ့ သုခ ဒုက္ခကို တွေးခေါ်ပြီးတော့မှ ဖြစ်နိုင်တယ်။ ဒီလိုပဲ ပီတိ ဖြစ်နိုင်တယ်ဆိုတာက ဒါ နည်းတဲ့ တရား မဟုတ်ဘူး။

၅.၆.၂၀၁၉/ အောင်ပန်း

နုပျိုစေတဲ့ ဆေးအနေနဲ့ဆိုရင် ဘာလိုတာတုံးဆိုတော့ . . .
မိမိကိုယ်ကိုလည်းပဲ ဂုဏ်ယူတတ်ရမယ်။ သူတစ်ပါးကိုလည်းပဲ ဂုဏ်ယူတတ်ရမယ်။ ဒါဆိုရင် လူက နုပျိုပြီး စိတ်ကလည်း နုပျိုပြီး အသက်လည်း ရှည်မယ်။

၃.၁၀.၂၀၁၈/ Baltimore, MD

နာကျင်မှု ဒီအတိုင်းထားရင် နာကြည်းမှု ဖြစ်သွားတယ်။ နာကျင်မှုကို ဘာနဲ့ ပွေ့ဖက်ခိုင်းတာလဲဆိုတော့ ကြင်နာမှုနဲ့ ပွေ့ဖက်ခိုင်းတာ။ ဒါဆိုရင် နာကျင်မှုကနေ ကြင်နာမှု ဖြစ်သွားတယ်။

၁.၆.၂၀၁၈/ ရန်ကုန်

အောက်စဖို့ဒ်ဆရာတော် ရေးသားထားသော ဘဝနှင့်စိတ်ပိုင်းဆိုင်ရာ ဓမ္မအတွေးအမြင်များ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

#OpenYourBusinessOnline

Related Posts