ဖိနပ် အရောင်းသမားနှစ်ယောက်

ဖိနပ် အရောင်းသမားနှစ်ယောက်

အင်မတန်ခေါင်တဲ့ ကျွန်းကလေးတစ်ကျွန်းပေါ်က မြို့ကလေးကို ဖိနပ်ကုမ္ပဏီက အရောင်းစာရေးနှစ်ယောက် ဖိနပ်အရောင်းမြှင့်တင်ဖို့ ဖိနပ်တွေ တစ်ပါတည်းယူပြီး ရောက်လာသတဲ့။

အရောင်းစာရေးနှစ်ယောက် ကျွန်းပေါ်က မြို့ကလေးကို အတူတူရောက်ပြီး မြို့ထဲကို ဟိုဟိုဒီဒီ လျှောက်ကြည့်တာပေါ့။ အရောင်းစာရေးတစ်ယောက်က မျက်စိပျက် မျက်နှာပျက် ဖြစ်နေတယ်။ အရောင်းစာရေးတစ်ယောက်ကတော့ ရွှင်ရွှင်ပျပျ ဖြစ်နေတယ်။

သူတို့နှစ်ယောက်လုံးပဲ အခြေအနေကို ကုမ္ပဏီရုံးချုပ်ပြန်ပြီး အစီရင်ခံစာပို့တယ်။

ပထမအရောင်းစာရေးက ‘မနက်ဖန် ကျွန်တော် ပြန်လာခဲ့တော့မယ်။ ဒီကျွန်းပေါ်ကလူတွေ အရိုင်းအစိုင်းတွေပဲ။ ဖိနပ်စီးတဲ့ဓလေ့မရှိဘူး။ ဖိနပ်တစ်ရံမှ ရောင်းရမှာမဟုတ်ဘူး’ တဲ့။

ဒုတိယအရောင်းစာရေးရဲ့ စာကကျတော့ သူနဲ့မတူဘူး။ ‘မနက်ဖြန်၊ ဖိနပ်အရံ(၁၀၀၀၀) ထပ်ပို့ပါ။  ဒီကျွန်းပေါ်ကလူတွေ တစ်ယောက်မှ ဖိနပ် မရှိကြသေးဘူး။ ဈေးကွက်က အကြီးကြီးပဲ’ တဲ့။

အဖြစ်အပျက်တစ်ခုကို မြင်တာခြင်းတူပေမဲ့ ရှုမြင်ဆုံးဖြတ်တာချင်း မတူဘူး။

အချို့လူက ဒါ အခက်အခဲပဲလို့ မြင်တာကို အချို့က ဒါအခွင့်အရေးပဲလို့ မြင်တယ်။ အခွင့်အရေးကို မြင်တတ်တဲ့သူက အခွင့်အရေးကိုခံစားရတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများစာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts