ပုံဖော်ကြည့်ပါ

ပုံဖော်ကြည့်ပါ
လူများကို ကိုယ်တွယ်၍မရ … ပစ္စသည်းများ၊ စာရင်းများကို ကိုယ်တွယ်၍ ရသည်။ လူများကို ဦးဆောင်ရမည်။

–အိတ်ချ်ရော့စ်ပီးရော့–

        “ခေါင်းဆောင်မှု ဆိုတာ မွေးရာပါ မဟုတ်ဘူးလား။ အချို့လူတွေကို မွေးရာပါ ခေါင်းဆောင်တွေလို့ ရည်ညွှန်းပြောကြတယ် မဟုတ်လား” ဟူသော မေးခွန်းမျိုးကို မကြာခဏ မေးကြသည်။

        ဤယူဆမှုမှာ ဒဏ္ဍာရီဆန် လှသည်။ အမှန်တကယ်တော့ ဦးဆောင်မှု ဆိုသည်မှာ ကျွမ်းကျင်မှုပင်ဖြစ်သည်။ ဥယျာဉ်စိုက်ပျိုးခြင်း၊ စစ်တုရင်ကစားခြင်း၊ ကွန်ပျူတာဂိမ်း ကစားခြင်းတို့ကဲ့သို့ပင် ဖြစ်သည်။ သင်ယူလိုသောစိတ် ရှိပါက မည်သည့်အသက်အရွယ် ရှိသူကိုမဆို သင်ပေးနိုင်သည်။ ထို့အတွက်ကြောင့် ကုမ္ပဏီများအနေဖြင့် မန်နေဂျာများအား ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ဖန်တီးပေးနိုင်သည်။
သို့သော် မေးစရာတစ်ခုရှိသည်။ ကုမ္ပဏီများက ယင်းတို့၏ မန်နေဂျာများအား ခေါင်းဆောင်ကောင်းများ ဖြစ်အောင် ပြောင်းလဲနိုင်ပါက ကုမ္ပဏီတိုင်း ဘာကြောင့် ဤကဲ့သို့ လိုက်မလုပ်သနည်း။

    ယင်းကုမ္ပဏီများမှာ ခေါင်းဆောင်ဆိုသည်ကို ဘာမှန်းမသိ၍ ဖြစ်သည်။ ဘာမှန်းမသိပါက မည်ကဲ့သို့ လေ့ကျင့်မှုပေးမည်နည်း။ ယင်းကုမ္ပဏီများသည် ခေါင်းဆောင်မှု၊ ဦးှဆောင်မှုနှင့် ပက်သက်သော စာအုပ်များကို မဖတ်။ ခေါင်းဆောင်အဖြစ် လေ့ကျင့်မှုပေးသောဆွေး နွေးပွဲများကို ကျင်းပခြင်းမရှိ။ ခေါင်းဆောင်ခြင်းအကြောင်း ဆွေးနွေးသည့် အမြင်ချင်းဖလှယ်သည့်အစည်းအဝေးများ မလုပ်။ ထို့ကြောင့် ‘ခေါင်းဆောင်ခြင်း’ ဆိုသည်စကားလုံးကို အဓိပ္ပာယ် မသတ်မှတ် နိုင်ကြ။

        ဤပြဿနာ အတွက် ဆေးနည်းတစ်ခုမှာ ခေါင်းဆောင်ကောင်းဆိုသည်မှာ ဘာလဲဆိုသည်ကို ပုံဖော်ကြည့်ပြီး ယင်းပုံကို အမြဲ ပြန်လည်သုံးသပ်ရန် ဖြစ်သည်။ ခေါင်းဆောင်ခြင်းကို ပုံမဖော်နိုင်သည့် လူများက တခြားလူများကို တွန်းအား မပေးနိုင်။

        Lamina Media မှ ၂၀၀၃ ခုနှစ်တွင် ထုပ်ဝေသော ရယ်မောနေသော စစ်သည်တော်များ(The Lavghing Warriors) စာအုပ်တွင် စာရေးသူ ဒေးလ်ဒေါင်တင်က ခေါင်းဆောင်တစ်ဦး ပြုကျင့်ရမည့် အချက်များနှင့်အတူ ပုံဖော်ပြထားသည်။

–     သူရဲကောင်းတစ်ယောက်လို စဉ်းစားပါ။
        (ငါဒီနေ့ ဘယ်သူ့ကို ကူညီရမလဲ)
–     လက်မှုအနုပညာသည် တစ်ယောက်ကဲ့သို့ အလုပ်လုပ်ပါ။
        (ငါတို့ ဘာများထပ်ပြီး ကြိုးစားရဦးမည်လဲ)
–     သာမန်ဖြစ်ခြင်းကို ငြင်းပယ်ပါ။
        (အကောင်းဆုံး နောက်ကိုလိုက်ပါ။ ရအောင်ယူပါ)
–    အောင်မြင်မှုကို ခံယူပါ။
        (သို့သော် ဂုဏ်မယူပါနှင့်)

ဤကျင့်ဝတ်များကို လိုက်နာ၍ ပုံဖော်နေပါက ခေါင်းဆောင်ကောင်းဖြစ်လာမည်သာ ဖြစ်သည်။

ရဲညွှန့် ( မဟာဝိဇ္ဇာ – နိူင်ဆက် ) ရေးသော အခြားသူများအား တွန်းအားပေးရန် နည်းလမ်း  ၁၀၀ စာအုပ်မှ ကူးယူ ဖော်ပြထားသည်။ 

Related Posts