ပုဇွန်ဟင်း

ပုဇွန်ဟင်း

ပါဝင်သောပစ္စည်းများ

  • ပုဇွန်လတ် – နှစ်ဆယ်ကျပ်သား
  • ချင်း(ကြိတ်ပါ) – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ကြက်သွန်ဖြူ(ထောင်းပြီး) – လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • မန်ကျည်းမှည့်(အစေ့ထုတ်ပြီး) – စားပွဲတင်ဇွန်းလေးဇွန်း
  • နနွင်း – အနည်းငယ်
  • ငရုတ်နီမှုန့် – လက်ဖက်ရည်ဇွန်းလေးပုံတစ်ပုံ
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်းနှစ်ဇွန်း
  • ကြက်သွန်ဖြူ(အမြွှာအတိုင်း) – သုံးမြွှာ
  • အုန်းနို့ – ခွက်တစ်ခွက်
  • ငရုတ်သီးစိမ်း(ပါးပါးလှီး) – နှစ်တောင့်
  • နံနံပင်(ပါးပါးလှီး) – အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

*ပုဇွန်ကို အခွံခွာရေဆေးပါ။ အိုးထဲထည့်ကာ ကြက်သွန်ဖြူ၊ ချင်း၊ မန်ကျည်းမှည့်၊ နနွင်း၊ ဆားနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်၍ နယ်ပြီး ဆယ်မိနစ်ခန့်ထားပါ။
*ဆီကိုအပူပေး၍ ကြက်သွန်ဖြူ သုံးမြွှာကို ညိုလာသည်အထိ ကြော်ပါ။

*၎င်းထဲသို့ ပုဇွန်ထည့်၍ တစ်မိနစ်မွှေပါ။ ပုဇွန်အရောင်ပြောင်းလာပါမည်။

*အုန်းနို့ထည့်ပါ။ ထို့နောက် နံနံပင် နှင့် ငရုတ်သီးစိမ်းအုပ်ပါ။

*ဆော့စ်များ ဆူပွက်၍ အနည်းငယ်ပျစ်လာလျှင် သုံးဆောင်နိုင်ပါသည်။
(ဘုံဘေချက်နည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts