ပုဇွန်ကင်

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကြီး – နှစ်ဆယ့်ငါးကျပ်သား
  • ပဲငံပြာရည် – စားပွဲတင်ဇွန်းသုံးဇွန်း
  • ရှောက်ရည် – စားပွဲတင်ဇွန်းသုံးဇွန်း
  • သံလွင်ဆီ – လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  • ချင်းမုန့် – စားပွဲတင်ဇွန်းတစ်ဇွန်း
  • ဂေါ်ဖီထုပ်အသေး – တစ်ဝက်
  • Mirin – စားပွဲတင်ဇွန်းသုံးဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

*ပဲငံပြာရည်၊ Mirin၊ ရှောက်ရည်၊ ချင်း၊ သံလွင်ဆီတို့ကိုရောမွှေပြီး၊ ပုဇွန်ကိုရောမွှေကာ နှံ့အောင်မွှေရမည်။
*ထို့နောက် ပုဇွန်ကို ဆယ်မိနစ်သို့ နှပ်ထားပါ။
*ထို့နောက် ပုဇွန်ကို အခြောက်ခံ၍ အလယ်ကောင် ပိတ်သွားသည်ထိ သုံးမိနစ်ခန့် ကင်ပါမည်။
*ဂေါ်ဖီကိုပန်းကန်တွင်ခင်း၍ အပေါ်မှ ပုဇွန်တင်ကာ သုံးဆောင်နိုင်ပါသည်။

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts