ဈေးကွက်ထိုးဖောက်ဝင်ရောက်မှုရဲ့ အဓိက အခန်းကဏ္ဍကြီးလေးခု

၁။ သင့်လုပ်ငန်းနယ်ပယ်အတွင်းက ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအပေါ် ဝယ်လိုအားဘယ်လောက်ရှိနေသလဲဆိုတာ သိရှိနိုင်ဖို့အတွက် ဈေးကွက်ပတ်ဝန်းကျင်နဲ့ အနာဂတ်အလားအလာကိုလေ့လာသုံးသပ်ပါ။ လက်တွေ့ မြေပြင်ဈေးကွက်အနေအထားနဲ့ ပစ်မှတ်ထားမယ့်စားသုံးသူကို ပိုင်းခြားသတ်မှတ်မှုပြုလုပ်ပါ။ ဒါဟာ ဈေးကွက်လေ့လာမှုပါပဲ။

၂။ ဈေးကွက်ကတောင်းဆိုနေတဲ့ ကုန်ပစ္စည်းကို ထုတ်လုပ်ပါ။ ဈေးကွက်ထိုးဖောက်ရေးကြိုးပမ်းမှုရဲ့ အရေးကြီးတဲ့လုပ်ငန်းစဉ်အနေနဲ့ မဖြစ်မနေသတ်မှတ်ရမယ့်အချက်တွေကတော့ ကုန်ပစ္စည်းကိုနည်းပညာပိုင်းအရ အသေးစိတ် သတ်မှတ်တာ၊ ထုပ်ပိုးမှုနဲ့ ဈေးနှုန်းသတ်မှတ်တာတို့ပဲဖြစ်ပါတယ်။

၃။ ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွေကို ဖြန့်ချိရောင်းချမယ့်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရပါလိမ့်မည်။

၄။ ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေက ဘာလဲ၊ အဲဒါတွေကို အသုံးပြုအားပေးမှုကြောင့် ရရှိလာမယ့်အကျိုးတွေကိုပစ်မှတ်ထားပြီး စားသုံးသူဆီရောက်အောင် ဘယ်လိုအသိပေးမလဲ၊ ဘယ်လိုသတင်းစကားပေးမလဲ
ဆိုတာတွေလုပ်ဖို့ ကြော်ငြာတွေ၊ ရောင်းအားမြှင့်တင်ရေး အစီအစဉ်တွေကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ရှေ့နေဦးဖိုးဖြူ ရေးသားထားသော Legal Plan II On Growth Stage Of Operation Business စာအုပ်မှ ကောက်နုတ်ထားပါသည်။

Related Posts