နေ့စဉ်ပြုံးပါ

အပြုံး နေ့စဉ်ပြုံးပါ

မျက်မှာပေါ်၌ အပြုံးပန်း ပန်ဆင်ခြင်းသည် ရယ်မောခြင်း၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။ ထို့ကြောင့် လူတစ်ဦးက ပြုံးပြလျှင် မိမိကပြန်ပြုံးပြပေးပါ။ ချစ်စရာကောင်းသော ကလေးငယ်တစ်ဦးကို တွေ့ပါက သင်ပြုံးပြမိတတ်သလို ရင်းနှီးသောမိတ်ဆွေတစ်ဦးကို တွေ့ပါကလည်း ပြုံးပြမိတတ်သည်။ အပြုံးပန်းသည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်သွားစေသည့် စွမ်းအင်သတ္တိများ ပါရှိသည်။ အပြုံးကူးစက်ခြင်းဖြင့် လူတစ်ဦးချင်းစီမှ အဖွဲ့အစည်းတစ်ခုလုံးဆီသို့ ကျက်သရေမင်္ဂလာရှိစေသည်။ ထို့ကြောင့် မည်သူမဆို နေ့စဉ်နေ့တိုင်း အပြုံးပန်းဆင်ထားသင့်သည်။

အောင်လှိုင် ဘာသာပြန်သော Why Worry ? Be Happy ! စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts