ရင်ခုန်စိတ်လှုပ်ရှားပါ

ပထမဦးဆုံး စင်တင်တေးဂီတပွဲ သွားကြည့်တာကို စာဖတ်သူလည်း မှတ်မိနေမှာပါ။ ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ ပရိသတ်တွေ၊ မီးရောင်စုံတွေအောက်မှာ မြူးကြွတဲ့တေးဂီတနဲ့အတူ နာမည်ကြီး အဆိုတော်တစ်ယောက်က ခုန်ပေါက်ပြေးလွှားပြီး သီချင်းစတင်ဆိုလိုက်တဲ့အခါ ဘယ်လောက်စိတ်လှုပ်ရှားပြီး ပျော်စရာကောင်းလဲဆိုတာ ပြန်ပြောဖို့တောင် ခက်ပါတယ်။ ဒီလိုပါပဲ။ ချစ်သူများနေ့မှာ ကိုယ်စိတ်ဝင်စားတဲ့ ယောက်ျားတစ်ယောက်ဆီက နှင်းဆီပန်းစည်းနဲ့ ချောကလက်ကိုရခဲ့ရင် ဘယ်လောက် ရင်ခုန်စိတ်လှုပ်ရှားရတယ်ဆိုတာ မိန်းကလေးတိုင်း သိပါတယ်။ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ကြိုးစားနေတဲ့အခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တိုင်းကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကျော်ဖြတ်ပါ။

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

အတွေးအခေါ်

Related Posts