နေပူမိုးရွာ အပိုင်း (၇)

နေပူမိုးရွာ အပိုင်း (၆)

နေပူမိုးရွာ အပိုင်း (၆)“ဟား ဟား … ဒါနဲ့ မင်းကို ဆေးတိုက်ပြီး သနားလို့ လွှတ်လိုက်ရောလား …” ဟု ကြွက်စုတ်ခေါ် ဉာဏ်ကျယ်က ဝင်မေးသည်။ “ဘယ်လွှတ်မလဲကွ … ဆေးရုံကို ခေါ်သွားတာပေါ့၊ ဆေးရုံကလည်း ဆင်းရော ဟဲ ဟဲ … အချုပ်ထဲ တန်းဝင်ရတာပါပဲ”

“လူမိခံရတဲ့ထဲမှာတော့ ငါ့အဖြစ်မျိုးက အတော်ရယ်ရတယ်ကွ” ပုရစ်က ပြောသည်။ ထို့နောက် တကျီကျီမြည်အောင် ရယ်လိုက်ပြီးအဲဒီနေ့က ငါ့မှာ အိမ်တစ်အိမ်ကို ဝင်မယ်လို့ စိတ်ကူးမရှိဘူးကွ … ဟိုလျှောက် ဒီလျှောက် လျှောက်ရင်း အိမ်တစ်အိမ်ရဲ့ နောက်ဖေးတံခါးက နည်းနည်းဟနေတာ သွားတွေ့တယ်ကွ … အချိန်က အချိန်မတော်ကြီး၊ မီးတွေကလည်း မှိတ်လို့၊ တမင် ဖွင့်ထားတာ မဖြစ်နိုင်ဘူး … မေ့ပြီး တံခါးမပိတ်မိတာ ဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် အခွင့်သာရင် အလုပ်ဖြစ်သွားမှာပဲဆိုပြီး အိမ်နား အသာကပ်သွားတယ် … လူသံသူသံ မကြားရဘူး၊ အိပ်နေကြပြီထင်တယ်၊ အတော်ကြာအောင် နားစွင့်ကြည့်သေးတယ် … သေချာပြီဆိုမှ တံခါးဖွင့်ပြီး အိမ်ထဲဝင်လိုက်တယ် … ငါ့စိတ်ကူးက ရတဲ့ပစ္စည်းလေးတွေ သိမ်းကျုံးဆွဲပြီး လစ်မလို့ဘဲ …

ပုရစ်က ကာဘော်လိပ်အငယ်ကောင် လက်ထဲမှ ဆေးပေါ့လိပ်ကို ယူ၍ နှစ်ဖွာသုံးဖွာ ဖွာပြီးမှ ဆက်ပြောသည်။ မီးဖိုချောင်ထဲအရောက်မှာ ခြေထောက်ကတော့ ဖွနင်းတာပဲ … ကြမ်းကိုက မခိုင်တော့ ကျွိခနဲ မြည်သွားရော၊ အဲဒီအချိန်မှာ အိပ်ခန်းထဲက မိန်းမသံတစ်သံ ထွက်လာတယ် … အစ်ကိုလားတဲ့ နားထောင်နေကြသူများ စိတ်ဝင်စားလာသည်။ ငါက ငြိမ်နေတော့ နောက်တစ်ခါ အစ်ကိုလား ထပ်မေးပြန်ရော … ငါ့ကို သူ့ယောက်ျားနဲ့ မှားနေပြီလို့ထင်တယ်၊ အိပ်ခန်းထဲက လှုပ်လှုပ်ရှားရှား အသံကြားတော့ ငါလည်း ဘာလုပ်ရမှန်း မသိဘူး … ငြိမ်ကုပ်နေတုန်း … လာလေ … ဟိုနွားကြီး အပြင်သွားပါပြီ အစ်ကိုရဲ့ … တဲ့၊ လက်စသတ်တော့ အဲဒီမိန်းကလေးက သူ့လင်ကြီး ကွယ်ရာမှာ ဖောက်ပြန်နေတာကိုး၊ ငါ့ကို သူ့အကောင်မှတ်လို့

မင်းက ယောရောရှိ ဝင်မလုပ်ဘူးလား … နေစမ်းပါဦး … အဲ့ဒါနဲ့ ငါကလည်း ယောင်ယောင်ကန်းကန်းနဲ့ အဟမ်းဆို ချောင်းဟန့်သံပေးလိုက်ရော၊ အဲ … အဲဒီမှာပဲ ပြဿနာက အိမ်ထဲမှာ ငါတစ်ယောက်တည်းမဟုတ်ဘူး၊ အခြားတစ်ယောက် ရှိသေးတယ် … သူ့အကောင်ပေါ့ … သူကလည်း အဟမ်းဆို ချောင်းသံအပေး နှစ်ယောက်ပြိုင်တူ ထွက်သွားတာပေါ့၊ ဖြစ်ပုံက ဒီကောင်က ငါ့ကို လင်ကြီးပြန်လာပြီး သူ့ကို ချောင်းတယ်မှတ်လို့ လန့်ပြီး ပုန်းနေတာ … အထဲက မိန်းမကလည်း စိတ်မရှည်တော့ဘဲ ထွက်လာတော့ ဟိုကောင်ကလည်း လန့်ပြီး နောက်ဖေးပေါက်အထွက်၊ ငါကလည်း လစ်အပြေး နှစ်ယောက်ဝင်တိုက်မိကြရော … အလဲလဲ အပြိုပြိုပေါ့ကွာ၊ မိန်းမက မီးဖွင့်လိုက်တော့ ငါ့ကို တွေ့သွားတာပေါ့ အော်ရောလား … ဘယ်အော်ရဲမလဲကွ … အော်လို့ လူတွေရောက်လာရင် သူ့အကောင်ပါ မိမှာကိုး … ဒါနဲ့ ငါလည်း အိမ်မှားဝင်မိလို့ဗျာ၊ ဆောရီးပဲဆိုပြီး လစ်ထွက်လာရတယ် ရယ်ကြသည်။

“လူမမိဘဲ တစ်ယောက်တည်း ပိတ်မိနေတာမျိုးက ပိုပြီး ဖြုံဖို့ကောင်းတာ …” ဟု ကြောင်လိမ်လှေကားက အားကျမခံ ပြောလိုက်သည်။ သူက ကြောင်လည်း ကြောင်သည်။ လိမ်လည်း လိမ်တတ်သည်။ အစလည်း ထောင်တတ်သည်။ ထို့ကြောင့် ကြောင်လိမ်လှေကားဟု ခေါ်ကြခြင်းဖြစ်၏။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts