နဝမမြောက် လူးဝစ္စ (၁၂၁၄ – ၁၂၇၀)


သူတော်ကောင်းအဖြစ် အသိအမှတ်ပြုခံရသည့် တစ်ဦးတည်းသော ဘုရင်တစ်ပါးဖြစ်သည်။ အဌမမြောက် လူးဝစ္စဘုရင်နှင့် တဲလ်ရှိ ဘလန်ချေးတို့မှ ဖွားမြင်သည်။ နဝမမြောက်
လူးဝစ္စသည် ကာပေလီယန်မင်းဆက်ဝင်ဖြစ်၏။ သူအသက်ဆယ့်သုံးနှစ် မပြည့်မီတွင် ဖခင်ကွယ်လွန်၍ မိခင်က အုပ်ချုပ်သူအဖြစ် ရပ်တည်ပြီး ဘုရင်ဖြစ်လာသည်။ နဝမမြောက် လူးဝစ္စ၏
လက်အောက်တွင် ပြင်သစ်ပြည်သည် ကြွယ်ဝငြိမ်းချမ်းမှုတို့ လွှမ်းမိုးခဲ့၏။ သမာသမက်ကျ၍ ဘက်လိုက်ခြင်းကင်းသော ဘုရင်တစ်ပါးအဖြစ်ကျော်ကြားသည်။ အစိုးရကိစ္စတို့ကို လွယ်ကူချော
မွေ့စေရန် ဆောင်ရွက်ခဲ့သည်။ အခွန်အခ မမျှတ၍ဖြစ်သော ပြဿနာကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခဲ့သည်။ ၁၂၉၇တွင် ပုပ်ရဟန်းမင်းကြီး အဌမမြောက် ဘိုနီဖေ့စ်က သူ့အား
သူတော်စင်တစ်ဦးအဖြစ် ကြေညာခဲ့သည်။
၁၂၁၄၊ ဧပြီလ၊ ၂၅ – ပြင်သစ်နိုင်ငံ၊ ပွိုင်စီ၌ ဖွားမြင်သည်။
၁၂၂၆ – သူ၏ဖခင်ကွယ်လွန်ပြီးနောက် သူ့ကို နန်းတင်ခဲ့ကြသည်။
၁၂၇၀၊ ဩဂုတ်လ၊ ၂၅ – တူနစ္စအနီးတွင် ကွယ်လွန်အနိစ္စရောက်သည်။
၁၂၉၇၊ ဩဂုတ်လ၊ ၁၁ – ပုပ်ရဟန်းမင်းကြီးက အခမ်းအနားဖြင့် သူတော်စင် စာရင်းသွင်းခဲ့သည်။

မိုးသိမ်းဘာသာပြန်ဆိုသော ခေါင်းဆောင် ၁၀၀ စာအုပ်မှ ကူးယူဖော်ပြထားသည်။

Related Posts