ဂဏန်းချဉ်စပ်

ဂဏန်းချဉ်စပ်

             ဂဏန်းချဉ်စပ်


ပါဝင်သောပစ္စည်းများ

  • ဂဏန်းအနေတော် – သုံးကောင်
  • ကြက်ဥ(ပွအောင်မွှေထား) – တစ်လုံး
  • ကြက်သွန်နီ(နုပ်နုပ်စင်းထား) – သုံးလုံး
  • ကြက်သွန်ဖြူ – နှစ်လုံး
  • ချင်း – အနည်းငယ်
  • ခရမ်းချဉ်သီးအနှစ်တောင့် – ထမင်းစားဇွန်းလေးဇွန်း
  • ငရုတ်သီးအစပ်(နုပ်နုပ်စင်း) – ထမင်းစားဇွန်းနှစ်ဇွန်း
  • ပဲငံပြာရည်(အကြည်) – ထမင်းစားဇွန်းတစ်ဇွန်း
  • ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်းနှစ်ဇွန်း
  • နံနံပင် – သင့်တော်ရုံ
  • ငရုတ်သီးဆော့စ် – ထမင်းစားဇွန်းတစ်ဇွန်း
  • ဆား၊ ငရုတ်ကောင်း – နည်းနည်း
  • ဆီ – တစ်ဆယ်ကျပ်သား

ပြုလုပ်နည်းအဆင့်ဆင့်

*ဦးစွာဂဏန်းကိုရေသန့်စင်အောင်ဆေးပါ။ လေးပုံတစ်ပုံပိုင်းထားပါ။

*ဂဏန်းလက်မများကို ဓားပြားရိုက်၊ အနည်းငယ်ရိုက်ထားပါ။

*ထို့နောက် ဆား၊ ငရုတ်ကောင်းဖြင့် နယ်ပြီးနှပ်ထား ထိုထဲသို့စိမ့်ဝင်ကာ အရသာဖြစ်လာမည်။

*ထို့နောက် ချက်မည့်ဒယ်အိုးထဲသို့ ဆီထည့်ပြီး အပူပေးထားနိုင်ပြီ။ဆီပူလာတော့ ဂဏန်းကို ဆီပူအိုးထဲထည့်ပြီး အနီရောင်ပြောင်းလာသည်အထိကြော်။ ကြော်ပြီး ဆီစစ်ထားပါ။ ၎င်းဒယ်အိုးထဲမှာပင် ဆီအနည်းငယ်ဖြင့် ချင်း၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီ အ​ရောင်ပြောင်းလာရင် ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်ဆီဆော့စ်တို့ရောမွှေပါ။ သမအောင် မွှေပြီးနောက် ငရုတ်သီး အနံ့ထွက်လာရင် စောစောက ပိုင်းထားသည့် ဂဏန်း ထည့်၍မွှေပါ။

*ထိုဂဏန်းဟင်းထဲသို့ ငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်တို့ ထည့်လိုက်ပါ။ ထို့နောက် မွှေထားသည့် ကြက်ဥနှစ်ကို ထည့်မွှေပြီးနောက် နံနံပင်(ကြိုက်လျှင်) အပေါ်မှအုပ်၍ စားသုံးပါက အလွန်ခံတွင်း မြိန်သည့် ဟင်းလျာတစ်မယ် ရနိုင်ပါပြီ။
(စင်ကာပူချက်နည်း)

မာမာစိုး ရေးသားထားသော အိမ်ရှင်မများအတွက် နိုင်ငံတကာ ချတ်နည်း၊ ပြုတ်နည်း စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ

Related Posts