တီခုံ

တီခုံ (ဂေါက်သီးစည်းမျဉ်းများ အပိုင်း – ၁၁)

ကစားသူသည် တီခုံ မှ စတင်ရိုက်သောအခါ တီခုံ၏ ဧရိယာအတွင်းမှ (သို့မဟုတ်) အပေါ်မှ စည်းမျဉ်းနှင့် ကိုက်ညီသောတီ (နောက်ဆက်တွဲအခန်း ၄ ကို ဖတ်ရှုရန်) ကို အသုံးပြု၍ ဘောလုံးကို တီပေါ်မှ ရိုက်နိုင်သည်။ တီခုံ၏ မျက်နှာပြင်ဧရိယာတွင် မညီညာသောနေရာ၊ သဲများနှင့် သဘာဝပစ္စည်းများရှိနေလျှင် ကစားသူသည် တီခုံမျက်နှာပြင်ဧရိယာကို ပြုပြင်နိုင်သည်။

စည်းမျဉ်းနှင့် မညီသော တီကို အသုံးပြုခြင်း (သို့မဟုတ်) တီကို စည်းမျဉ်းနှင့်အညီ မတည်ခြင်း၊ အခြားပစ္စည်းအား တီအဖြစ် သုံး၍ ရိုက်ပါက DQ ဖြစ်သည်။ ကစားသူသည် တီခုံဧရိယာပြင်ပတွင် ရပ်၍ တီခုံဧရိယာအတွင်းရှိ ဘောလုံးကို ရိုက်နိုင်သည်။

Rule 11-2. Tee-Markers စည်းမျဉ်း ၁၁-၂ တီခုံမာကာ

ကစားမည့်ကျင်း၏ တီခုံ မာကာများသည် ၎င်းတီခုံမှစတင်မကစားမီအချိန်အတွင်း ရွှေ့ခွင့်မရှိသော ပစ္စည်းများအဖြစ် သတ်မှတ်ထားသည်။ ထို့ကြောင့် တီခုံမှ စတင်မကစားမီအချိန်အတွင်း တီမာကာများသည် ဆွင်း၊ ရပ်ရမည့်နေရာ (သို့) မိမိရိုက်ရမည့်လမ်းကြောင်းနှင့် လွတ်ကင်းစေရန် မရွှေ့ရပါ။ ရွှေ့ခဲ့ပါက စည်းမျဉ်း 13-2 အရ ပြစ်ဒဏ်ပေးရမည်။

Rule 11-3. Ball Falling off Tee စည်းမျဉ်း ၁၁-၃ တီပေါ်မှ ဘောလုံးပြုတ်ကျခြင်း

တီခုံပေါ်မှ ဘောလုံးကို တီတည်ပြီး စတင်၍ မရိုက်မချင်း ထိုဘောလုံးသည် ကျင်းကစားနေသော ဘောလုံး (ဘောအင်ပလေး) မဖြစ်ပါ။ ထို့ကြောင့် ဘောလုံးကို တီတည်ပြီးနောက် ကစားသူသည် ဘောလုံးကို ရိုက်ရန် တုတ်ခေါင်းချလိုက်စဉ် ဘောလုံးကို ထိ၍ ပြုတ်ကျသွားပါက ပြစ်ဒဏ်မရှိဘဲ ပြန်၍ တီတည်နိုင်သည်။

သို့သော် ဘောလုံးကို ထိအောင်၊ ရွေ့လျားအောင်ရန် ရည်ရွယ်၍ ရိုက်လိုက်လျှင် ဘောလုံးသည် တီပေါ်မှ ပြုတ်ကျရွေ့လျားသွားသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ ရိုက်ချက်တစ်ချက်အဖြစ် သတ်မှတ်သည်။ ပြစ်ဒဏ်မပေးရပါ။ ဘောလုံးကို တီခုံမှ ရိုက်ရန် ရည်ရွယ်၍ စတင်ရိုက်လိုက်သော ရိုက်ချက်သည် ဘောလုံးကို မထိသော်လည်း ရိုက်ချက်တစ်ချက်အဖြစ် သတ်မှတ်သည်။ တီခုံမှ စတင်ရိုက်ပြီးဖြစ်၍ ထိုဘောလုံးသည် ကျင်းကစားနေသောဘောလုံး ဘောအင်ပလေး ဖြစ်သွားသည်။

Rule 11-4. Playing from Outside Teeing Ground စည်းမျဉ်း ၁၀-၄ တီခုံဧရိယာအပြင်မှ ရိုက်ခြင်း

a. Match Play ကျင်းပြတ်ကစားခြင်းအတွက်

ကျင်းပြတ်ကစားခြင်းတွင် ကစားသူသည် တီခုံမှ စတင်ရိုက်လိုက်သောအခါ ဘောလုံးကို တီခုံဧရိယာအဖြစ် ရိုက်ပါက ပြစ်ဒဏ်မရှိပါ။ သို့သော် ပြိုင်ဘက်ကစားသမားက ဧရိယာအပြင်မှ ရိုက်သောရိုက်ချက်ကို ပယ်ဖျက်၍ တီခုံဧရိယာအတွင်းမှ ထပ်၍ နောက်တစ်လုံးရိုက်ရန် ကန့်ကွက်ခွင့်ရှိသည်။ ကန့်ကွက်ခြင်းအား ချက်ချင်း ပြောကြားရမည်။

b. Stroke Play အချက်ရေကစားခြင်းအတွက်

ကစားသူသည် တီခုံမှ စတင်ရိုက်လိုက်သောအခါ တီခုံဧရိယာအပြင်မှ ဘောလုံးကို ရိုက်ပါက ထိုရိုက်ချက်ကို ပယ်ဖျက်၍ တီခုံဧရိယာအတွင်းမှ ပြစ်ဒဏ် ၂ ချက်ပေး၍ ပြန်ရိုက်ရမည်။

တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့ခြင်းအား နောက်တစ်ကျင်း၏ တီခုံမှ စတင်မရိုက်မီ တီခုံဧရိယာအတွင်းမှ ပြန်လည်ရိုက်ရမည်။ မရိုက်ခဲ့ဘဲ နောက်ကျင်းတီခုံမှ ရိုက်လိုက်သည်နှင့် DQ ဖြစ်သည်။

အကယ်၍ နောက်ဆုံးကျင်းဖြစ်ခဲ့ပါက တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့ခြင်းအတွက် တီခုံဧရိယာအတွင်းမှ ပြန်ရိုက်၍ ကစားမည်ဖြစ်ကြောင်း ဂရင်းမှ မထွက်ခွာမီ ကြေညာရမည်။ ထိုသို့မပြောဘဲ ဂရင်းမှ ထွက်ခဲ့လျှင် DQ ဖြစ်သည်။ ပြစ်ဒဏ် ၂ ချက်မှ လွဲ၍ တီခုံဧရိယာပြင်ပမှ ရိုက်ခဲ့သော ရိုက်ချက်နှင့် ထိုဘောလုံးကို ဆက်၍ ရိုက်ခဲ့သော အချက်များ ထည့်မပေါင်းရပါ။

ဦးမြတ်ခိုင်ဘာသာပြန်ဆိုသော Rules of Golf and the Rules of Amateur Status 2016 မှ ကူးယူဖော်ပြသည်။

သုတ

Open More Online

Related Posts