ဆုချီးမြှင့်ပါ

ဆုချီးမြှင့်ပါ

ထူးချွန်မှုတွေကို ကလေးတွေ စွမ်းဆောင်နိုင်တိုင်း မိဘတွေက ဆုချလေ့ရှိပါတယ်။ အလုပ်ထဲမှာ ထူးချွန်တဲ့ဝန်ထမ်းက အမြဲဆုရလေ့ရှိပါတယ်။ ဒီလိုပါပဲ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားနေချိန်မှာ အရေးကြီးတဲ့ စွမ်းဆောင်မှုတွေ ပြီးမြောက်အောင်မြင်တိုင်း ကိုယ့်ကိုယ်ကို ဆုချီးမြှင့်ပါ၊ အင်္ကျီအသစ် ဝယ်ပါ။ ကိုယ်နှစ်သက်တဲ့ ပစ္စည်းတစ်ခု ဝယ်ပါ။ ဒါမှမဟုတ် ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖိတ်ပြီး အောင်မြင်မှုအထိမ်းအမှတ် ညစာစားပွဲလုပ်ပါ။

အခွင့်အရေး သို့မဟုတ် ငွေကြေးကိုယူတဲ့အတွက် ဂုဏ်ပြုဆု မရနိုင်ပါဘူး။ စွန့်လွှတ်ပေးကမ်းတဲ့အတွက်ပဲ ဂုဏ်ပြုဆု ရနိုင်ပါတယ်။
Celvin Coolidge

ကျော်ကျော်လှိုင်ရေးသားထားသော အောင်မြင်မှုသို့ ခြေလှမ်း၁၀၁လှမ်း စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts